Unicode
ရှီရှန်းက လင်းရင်နဲ့ပေ့ကျဲ့တို့ရဲ့မင်္ဂလာပွဲမှာသတို့သမီးအရံလုပ်ပေးခဲ့တယ်
အဖြူရောင်သတို့သမီး၀တ်စုံကို၀တ်ဆင်ထားတဲ့လင်းရင်က သူမအရှေ့မှာရပ်ရင်းတောက်ပစွာပြုံးပြနေတယ်
"ရှောင်ဇီ...ငါလှရဲ့လား.."
ရှီရှန်းကသူမကိုမျက်စိတစ်ဖတ်မှိတ်ပြလိုက်ပြီး ခန့်ညားစွာပြုံးပြလိုက်တယ် "လှတာပေါ့..ငါ့ရဲ့အားရင်ကဘာ၀တ်၀တ်လှပြီးသား..."လင်းရင်ကရှက်သွားပြီး ရှီရှန်းကိုမျက်စောင်းလှလှထိုးလိုက်တယ် "နင်ကတော့နော်..ငါ့ကိုအခုချိန်ထိစနေတုန်းပဲ.....ဒါနဲ့ နင်ရော ဖူချင်းနဲ့ ဘယ်တော့လက်ထပ်မှာလဲ.."
"လက်ထပ်ရမှာလား....ငါတော့သူ့ကိုအခုကတည်းက အေ၀းကိုတွန်းထုတ်ချင်နေပြီ...အတော်အလုပ်ရှုပ်တဲ့ကောင်..."
'သူငယ်နာမစင်တဲ့ကောင်နဲ့လက်ထပ်ရမှာဘယ်လောက်တောင်ကံဆိုးလဲဆိုတာ နင်မသိနိုင်ပါဘူး..'
လင်းရင် "......"
'လမ်းခွဲတော့မယ့် အတွဲလိုဘာလို့ပြောနေရတာလဲ'"အချိန်ကျတော့မယ်...သွားစို့..."
ရှီရှန်းက လင်းရင်ကို မတ်တပ်ရပ်ဖို့ကူပေးလိုက်ရင်း သက်ပြင်းချလိုက်တယ် "အချိန်ကုန်တာ အရမ်းမြန်တာပဲ...နင်တောင် လက်ထပ်ရပြီ..."ခေါင်းဆောင်းပု၀ါကြောင့် ရှီရှန်းရဲ့မျက်နှာအမူအရာကိုရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် သူမရဲ့အသံကတစ်ဆင့် ခံစားချက်တွေကို နားလည်နိုင်တယ်
"နင်လည်း လက်ထပ်ရတော့မှာပဲလေ"
လင်းရင်ကရှီရှန်းရဲ့လက်ကိုဆုပ်ကိုက်လိုက်တယ်'လက်ထပ်ရမှာလား...စိတ်ကျန်းမာရေးမကောင်းတဲ့စောက်ကလေးနဲ့ငါတော့မယူချင်တာဘူး...'
ဒါပေမယ့် သူမအိမ်ကိုပြန်ရောပ်တော့ အိပ်ရာပေါ်မှာ အခန့်သားနေရာယူထားတဲ့ အနီရောင်စာအုပ်၂အုပ်ကိုတွေ့လိုက်ရတယ်
ရှီရှန်းက အသက်ပြင်းပြင်းရှူပြီးမေးလိုက်တယ်
"ဖူချင်း...ဒါတွေကဘာတွေလဲ.." ရှီရှန်းက စာကြည့်ခန်းထဲကို၀ုန်းဒိုင်းကြဲ၀င်သွားပြီး စာအုပ်တွေကို ဖူချင်းရှေ့မှာပစ်ချလိုက်တယ်
"လက်ထက်စာချုပ်တွေလေ" ဖူချင်းကစာအုပ်ဖုံးကစာလုံးတွေကိုလက်ညှိုးထိုးပြလိုပ်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.