Unicode
''သူများကိစ္စဝင်ပါတယ်တဲ့လား....ငါ့မျက်စိနှစ်လုံးနဲ့တွေ့ပြီးမှတော့ ဘယ်လိုလုပ်ဝင်မပါဘဲနေနိုင်တော့မှာလဲ..မဟုတ်မှလွဲရော နင်တို့မှာ တကယ်ကို လျှို့ဝှက်ချက်လေးတွေရှိနေတာများလား...''
အိုက်ဝေကရှင်းပြချင်သေးပေမယ့် ကျိုးလဲ့တားတာခံလိုက်ရတယ်
''မီနိုင်း... မင်းက ရန်ဖြစ်ချင်နေတာလား....'' ' ဒီမိန်းမက အဖြစ်မှန်ကိုသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာပဲ... သူမ တကယ်ပဲ ဘာတွေကြံနေတာလဲ '
''ရန်ဖြစ်ဖို့လား...အားမရှိပါဘူးဟယ်...နင့်ရဲ့အစာလေးကိုဝေမျှမယ် ဆိုရင်ရော ဘယ်လိုလဲ...ငါဗိုက်ပြည့်သွားမှ ရန်ဖြစ်ကြမယ်လေ..''
ရှီရှန်းက ခေါင်းမော့လိုက်တယ် သူမရဲ့နှုတ်ခမ်းမှာ အပြုံးလေးတစ်ခုကတွဲခိုလို့.....
အိုက်ဝေက ရှီရှန်းရဲ့အပြုံးကြောင့် ကြက်သီးထသွားတယ်
ကျိုးလဲ့ကမျက်မှောင်ကျုတ်လိုက်ပြီး သူ့အကြည့်တွေကလည်း ပိုပြီးစူးရှလို့လာတယ်
''မီနိုင်း...မင်း ငါနဲ့ ရန်သူဖြစ်ချင်တာလား...''
'ငါ့လူကိုတောင် ကြံစည်ရဲတယ် သတ္တိတွေအရမ်းရှိနေတယ်ပေါ့လေ..'
''အို...ဘယ်တုန်းကရော ရန်သူတွေမဟုတ်ခဲ့လို့လဲ..''ရှီရှန်းက ခပ်ဖြည်းဖြည်းလေးပြန်ပြောလိုက်တယ်
မီနိုင်းနဲ့ကျိုးလဲ့ ကြားမှာ ရန်ငြှိုးကြီးကြီးမားမားတော့ မရှိပါဘူး ဒါပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးလည်း မရှိဖူးပါ
ရှီရှန်း အခုလိုပြောလိုက်တာက မှားတော့မမှား ။
ရှီရှန်းက နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ် ''လုပ်စမ်းပါ.. ကောင်းတဲ့အရာတွေဆိုတာဝေမျှသင့်တယ်လေ.. ဒီလောက်ကောင်းတဲ့ အစာကို နင်တစ်ယောက်တည်း အပိုင်စီးထားရင် နှမျောဖို့ကောင်းလွန်းပါတယ်''
အိုက်ဝေကရှီရှန်းကို အံ့ဩတကြီးကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ပြင်နေတုန်းမှာပဲ သူမလက်ကိုဆွဲထားတဲ့ ကျိုးလဲ့ရဲ့လက်ကပိုပြီးတင်းကျပ်လာတာကြောင့် ငြိမ်နေလိုက်ရတယ်
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
