Unicode
ကျင်းရှောင်ယွီနဲ့ပေ့ကျဲ့တို့က အားကစား၀တ်စုံလာ၀ယ်တာဖြရ်ပြီး စုံတွဲ၀တ်စုံ တစ်တွဲ၀ယ်ပြီးတဲ့အခါမှာတော့ ငွေရှင်းပြီးထွက်လာခဲ့တယ်
ကျင်းရှောင်ယွီကိုကြည့်ရတာ အရမ်းပျော်ရွှင်နေပုံရပြီး ဆိုင်ရှေ့မှာပေ့ဇီတို့ရပ်နေတာကို မြင်သွားတော့ သူမကပဲ ပေ့ကျဲ့ရဲ့လက်ကိုဆွဲပြီး ခေါ်သွားတယ်"ရှောင်ဇီ...နင်တို့လည်းဈေး၀ယ်ထွက်လာကြတာလား...ငါလည်းအစကတော့ နင်တို့ကိုပါခေါ်မလို့ပါပဲ...ဒါပေမယ့် ကျဲ့ က..."
ကျင်းရှောင်ယွီက ရှက်သွားတဲ့ပုံနဲ့ လျှာလေးကိုအသာလေးကိုက်လိုက်တယ်
အဲ့ဒီအပြုအမူက သူမကိုပိုပြီးချစ်စရာကောင်းပြီးအပြစ်ကင်းတဲ့ပုံပေါက်သွားစေတယ်
"ငါနင်တို့ကို ဒီမှာတွေ့မယ်လို့မထင်ထားဘူး...ငါတို့တစ်ခုခု သွားစားကြမလား...""ရှောင်ဇီ..ငါတို့မှာ၀ယ်စရာတွေအများကြီးကျန်သေးတယ်...ပေ့ရှောင်တို့နဲ့ မုန့်သွားစားဖို့ အချိန်မလောက်မှာ ငါစိုးရိမ်မိတယ်..."လင်းရင်က ရှီရှန်းရဲ့အင်္ကျီစကိုဆွဲပြီး တိုးတိုးလေးပြောတယ်
"ကိစ္စမရှိပါဘူး....ပေ့ကျဲ့ကို နင်တို့ကိုကူညီပေးဖို့ ငါပြောပေးပါ့မယ်..."
ကျင်းရှောင်ယွီကပြုံးပြီးပြောလိုက်ပေမယ့် သူမရဲ့အကြည့်တွေထဲမှာတော့ လှောင်ပြောင်မှုတွေအထင်းသားပေါ်လွင်နေတယ်
'ကျောင်းကလူတိုင်းက ပေ့ကျဲ့နဲ့လင်းရင်ကို လိုက်ဖက်တဲ့စုံတွဲတွေလို့ပြောကြတယ် ..ဒါပေမယ့် ငါကသာ ပေ့ကျဲ့ တကယ်ကြိုက်တဲ့သူပဲ..'"ငါသဘောမကျတဲ့သူတွေနဲ့ တစ်ခုခုစားဖို့စိတ်မပါဘူး..." ရှီရှန်းကခပ်အေးအေးပဲပြန်ပြောလိုက်တယ်
ကျင်းရှောင်ယွီကမျက်နှာပျက်သွားပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံနဲ့ပြောလိုက်တယ်
"ရှောင်ဇီ...နင်ငါ့ကိုသဘောမကျဘူးလား..ငါ...ငါ..နင်မကြိုက်တဲ့အချက်ကိုပြောင်းလဲပါ့မယ်.."ပေ့ကျဲ့ကလည်း သူမရဲ့အဖြေက သူ့အတွက်အရေးကြီးနေတဲ့ပုံစံနဲ့ ပေ့ဇီကို ကြည့်လိုက်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.