Unicode
ပုံရိပ်နှစ်ခုက မြူဖုံးနေတဲ့ တောတောင်နက်နက်ထဲကို ဝင်သွားကြတယ် ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်နေလို့ အင်းဆက်ပိုးမွှားတွေရဲ့အသံသာမရှိရင် သူတို့တွေ လေဟာနယ်ထဲကို ရောက်သွားတယ်လို့ထင်မိမှာပဲ...
"ရှင်က နေရာဘယ်လိုရွေးရမယ် ဆိုတာသိတာပဲ.." ရှီရှန်းက သစ်ပင်တစ်ပင်ကိုမှီရင်းပြောလိုက်တယ
"ကိုယ်အိပ်ပျော်နေတုန်း ကိုယ့်ကို လာသတ်ချင်တဲ့ ဗန်ပိုင်းယားတွေ အများကြီး ရှိတယ်လေ.." ရှီရင်းက သူမအရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ် "ကိုယ် မင်းကို ကျောပိုးမယ်.."
ရှီရှန်းက မူမနေတော့ဘဲ ရှီရင်းရဲ့ ကျောပေါ်တက်လိုက်တယ်
ရှီရင်းက ဖြေးဖြေးမှန်မှန်လျှောက်သွားပြီး ချောက်ကမ်းပါးစွန်းတစ်ခု အရောက်မှာ ရှီရှန်းကို အောက်ခနချပေးလိုက်တယ် ပြီးတော့ ရှီရှန်းဘာမှမမေးရသေးခင်မှာ သူ သူမကို ပွေ့ချီလိုက်ပြီး ချောက်ကမ်းပါးထဲကို ခုန်ဆင်းလိုက်တယ်
သူမရဲ့မျက်နှာကိုလေတိုးနေပြီး အေးစိမ့်မှုက အရိုးထဲ စိမ့်ဝင်လုမတတ်ဖြစ်နေတယ်
ရှီရှန်း "...." 'ဘာကိစ္စချောက်ကမ်းပါးထဲကို ရုတ်တရပ်ကြီး ခုန်ဆင်းရတာလဲ..အနည်းဆုံးတော့ ငါ့ကို ပြင်ဆင်ချိန်လေး ပေးသင့်တယ်လေ..သေစမ်း..'
ကံကောင်းစွာနဲ့ပဲ ချောက်ကသိပ်မနက်လို့ အောက်ကို ခနလေးနဲ့ ရောက်သွားကြတယ်
အောက်မှာ အလင်းရောင် ခပ်မှိန်မှိန်သာရှိတာကြောင့် ရှီရင်းက သူမကို ဆက်ပွေ့ထားပြီး သူ့ဘာဘာသူ ဆက်လျှောက်တယ် သူတို့တွေ ဂူတစ်လုံးထဲကို ဝင်သွားကြပြီးမှ ရှီရှန်းကို ချပေးလိုက်တယ် ဂူထဲမှာ ဖန်အခေါင်းတလားတစ်ခုအပြင် ဘာမှမရှိဘူး...
ရှီရင်းက ဖန်အခေါင်းတလားကို ဖွင့်ပြီး အထဲကနေ သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူကာ ရှီရှန်းကို လှမ်းပေးလိုက်တယ် သေတ္တာလေးပေါ်မှာ သင်္ကေတတွေအများကြီးထွင်းထုထားတယ် ဒါက သော့ခတ်မထားပေမယ့် ရှီရှန်းဘယ်လောက်ပဲ ကြိုးစားကြိုးစား ပွင့်မလာဘူး...
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
