Unicode
'နတ်ဘုရားသတ်ဓားတဲ့လား,ငါဘာလို့ဒီနာမည်ကိုတစ်ခါမှမကြားဖူးရတာလဲ'
ရှီရှန်းက ယွဲ့ယောင်ကိုစဉ်းစားဖို့အချိန်မပေးတော့ဘဲနဲ့သူမရဲ့ဓားကိုတစ်ဟုန်ထိုး ထိုးသွင်းတော့တယ် ယွဲ့ယောင်ရဲ့ဓားက လေပြည်ခွင်းဓား လို့အဓိပ္ပါယ်ရတယ် အဲဒီအချိန်မှာပဲသူမရဲ့ဘေးပတ်ပတ်လည်မှာ ကောင်းကင်နဲ့မြေကြီးကိုပြောင်းပြန်လှန်ပစ်လို့ရလောက်တဲ့စွမ်းအင်တွေပေါ်လာတယ်
ရှီရှန်းက ယွဲ့ယောင်ဆီကိုသူမဓားနဲ့အမြန်ထိုးသွင်းတယ် ယွဲ့ယောင်ကလည်းသူမရဲ့ဓားနဲ့ပြန်ကာတယ်
ဓားသွားနှစ်ခုထိမိတဲ့အခါမှာမီးပွားတွေအများကြီးပေါ်ထွက်လာတယ်ရှီရှန်းက အလျင်အမြန်ရှောင်ပြီးတော့ထပ်ပြီးခုတ်ရင်းကျိန်ဆဲလိုက်တယ်''ငါ့ရှေ့ကိုလာပြီးတော့ကြွားရဲတယ်ပေါ့ဟုတ်လား,ဘယ်သူကပိုသာတယ်ဆိုတာကိုသေသေချာချာစဉ်းစားကြည့်ပါဦး ငါကဟုန်းဟုန်းတောက်ကျော်ကြားနေတဲ့အချိန်မှာနင်ကရွံအိုင်ထဲမှာဆော့ကစားနေတဲ့ကလေးသာသာပဲရှိနေသေးတယ်နော် ,ပြီးတော့နင့်ရဲ့ဒီမြစိမ်းရောင်ဓားကအရမ်းကိုအဖိုးတန်တယ်များထင်နေလား,ကိုယ်ကိုကိုယ်ကောင်းကင်ဘုံဓားလေးတစ်ချောင်းပိုင်တယ်ဆိုပြီးတော့အဟုတ်ကြီးမှတ်မနေနဲ့''
အဲဒီမြစိမ်းရောင်ဓားရဲ့စွမ်းရည်အစစ်တွေကပေါ်မလာသေးဘူး ပြီးတော့ရှီရှန်းရဲ့ဓားနဲ့ခနခနအခုတ်ခံရတာကြောင့်သူ့ရဲ့အရှိန်အဝါတွေကတဖြည်းဖြည်းဖျော့တော့တယ် ယွဲ့ယောင်ကိုင်ထားတာကြောင့်ဓားကသူ့ရဲ့အရည်အချင်းအစစ်အမှန်ရဲ့ဆယ်ပုံတစ်ပုံတောင်အင်အားထွက်မလာဘူး
ရှီရှန်းက ယွဲ့ယောင် ရဲ့လက်ကောက်ဝတ်ကိုချိန်ပြီးခုတ်တယ် ယွဲ့ယောင်ကစူးရှတဲ့နာကျင်မှုကိုခံစားလိုက်ရတယ်
''အား''ယွဲ့ယောင်ရဲ့လက်ကောက်ဝတ်ကသွေးတွေထွက်လာပြီးတော့,ဓားကိုဆက်မကိုင်နိုင်တော့ဘဲလွတ်ကျသွားတယ်
မြစိမ်းရောင်ဓားမရှိတော့တာကြောင့်ရှီရှန်းကယွဲ့ယောင်ကိုလွယ်လွယ်ကူကူပဲကန်ပစ်လိုက်နိုင်တယ်''နင့်မှာကောင်းကင်ဘုံကိုပြန်ဖို့လမ်းရှိဦးမယ်များထင်နေလား, သူမကိုသတ်လိုက်''
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
VOUS LISEZ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Roman pour AdolescentsThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.