Unicode
ရှီရှန်းကနတ်ဘုရားနှင့်မကောင်းဆိုး၀ါးတို့၏ကုန်းမြေကိုuninstallလုပ်လိုက်ပြီး ကွန်ပြူတာထဲကို ပျင်းပျင်းနဲ့လျှောက်မွှေနေလိုက်တယ်
Beep....beep...
ရှီရှန်းရဲ့ဖုန်းက လင်းလာပြီး နိုင်ငံခြားဖုန်းနံပါတ်စိမ်းတစ်ခုပေါ်လာတယ်
ရှီရှန်းကဖုန်းကိုင်လိုက်ပြီး ခပ်ပြတ်ပြတ်ပြောပစ်လိုက်တယ် "ငါ့ဆီမှာပိုက်ဆံမရှိဘူး နင်တို့ကြော်ငြာတာတွေမ၀ယ်နိုင်ဘူး ငါ့မိဘတွေလည်းဒီမှာမရှိဘူး "
ပြီးတော့ဖုန်းကိုချပစ်လိုက်တယ်
၅စက္ကန့်လောက်ကြာတော့ ဖုန်းကနောက်တစ်ကြိမ်ထပ်လာပြန်တယ်
"ချီးပဲ...ပြောနေတာကိုနားမလည်ဘူးလား..မ၀ယ်ပါဘူးဆို....နောက်တစ်ကြိမ်ဖုန်းထပ်ဆက်အုံးမယ်ဆိုရင်ငါနင့်ကိုလာရိုက်သတ်မှာနော်."နား၀င်ချိုစရာကောင်းတဲ့အမျိုးသားအသံတစ်သံကိုကြားလိုက်ရတယ်
"ကိုယ်ပါ...မင်ရည်ရှာဖွေသူ.."ရှီရှန်းက ဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်တယ်
'အဲ့ဒါကြောင့် ဒီနံပါတ်ကို ရင်းနှီးနေသလိုဖြစ်နေတာကိုး...'"နင်ဘာလိုချင်လို့လဲ.. ငါတို့ကဘာမှမပတ်သက်တော့ဘူးလေ.."
"မင်းကဂိမ်းကိုဖျက်ဆီးသွားရုံတင်မကဘူး..ကိုယ့်accountကိုပါဖျက်လိုက်ရအောင်လုပ်သွားတာလေ....နည်းနည်းလောက်တော့နှစ်သိမ့်ပေးသင့်တယ်မဟုတ်ဘူးလား...."
"ငါဂိမ်းထဲကမထွက်နင့်ဆီ goldတွေအများကြီးလွှဲပေးခဲ့သေးတယ်လေ..အဲ့ဒါတောင်မလုံလောက်ဘူးလား.."
'လရောင်အောက်က၄ယောက်ကိုသူတို့လိုချင်တဲ့itemနည်းနည်းပါးပါး ပေးပြီး ကျန်တာကို နင်အကုန်ရသွားတာပဲဟာကို..'"ကိုယ်သာ ဂိမ်းကိုမဖျက်လိုက်ရရင် ဒီထပ်ပိုရအုံးမှာလေ.."
ရှီရှန်း "......"
သူမက ဖုန်းကိုချက်ချင်းချပစ်လိုက်တယ်
'ဒီလိုကောင်အတွက်နဲ့ငါ့အချိန်တွေအကုန်ခံစရာလား..'ကျီယန်က ဆက်တိုက်ဖုန်းဆက်နေတယ် ရှီရှန်းကသူမရဲ့ဘ၀လေးအေးချမ်းသွားဖို့အတွက် ဖုန်းကြိုးကို ဖျက်ပစ်လိုက်ရတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.