Unicode
BHA ဌာနချုပ်ရဲ့ အစည်းအဝေးခန်းမမှာ အရေးကြီးအဖွဲ့ဝင်တွေအားလုံး စုဝေးနေကြတယ်
တုကျွယ်က အဖွဲ့ခေါင်းဆောင်နေရာမှာ ထိုင်နေပြီး သူ့အနောက်က screenမှာတော့ စီမံကိန်းတစ်ခုကို liveလွှင့်ပြသနေတယ်..
လူတိုင်းက အသက်ဖြောင့်ဖြောင့် မရှူနိုင်ဘဲနဲ့ screenကိုပဲ မျက်ကစိဒေါက်ထောက်ကြည့်နေကြတယ်..ဒါပေမယ့် မကြာခင်မှာပဲ သူတို့ မျက်နှာတွေပေါ်မှာ စိတ်ပျက်သွားတဲ့ အမူအရာတွေ ပေါ်လာကြတယ်...
"မစ္စတာတု..စီမံကိန်းက ကျဆုံးသွားပါတယ်.." သုတေသနခန်းထဲက အဖွဲ့သားတစ်ယောက်က သတင်းပို့လာတယ် တုကျွယ်က မဲမှောင်နေတဲ့ အမူအရာနဲ့ သူသဘောပေါက်ကြောင်း အကြောင်းပြန်လိုက်တယ်
"အဖွဲ့ခေါင်းဆောင်..ကျွန်တော်တို့ လက်လျှော့လိုက်တာ ကောင်းမယ်ထင်တယ်..အခုတလော သူတို့တွေ စုံစမ်းလာကြပြီဗျ.." တကယ်လို့ ဒီကိစ္စသာပေါ်သွားရင် သူတို့တွေအကုန်လုံး ငါးပါးမှောက်လိမ့်မယ်....
"အဖြေကို သာမန်ဗန်ပိုင်းယားတွေကနေ ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး..အဲ့လိုဆိုပြီး သွေးသန့်ဗန်ပိုင်းယားတွေကို သွားဖမ်းလို့လည်း မရတော့ဘူး..အဖွဲ့ခေါင်းဆောင်..စီမံကိန်းကို လက်လျှော့လိုက်ဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်.."
"မင်းတို့အကုန်လုံး သွားတော့.." တုကျွယ်က ဘာအဖြေမှ ပြန်မပေးဘဲ သူတို့အကုန်လုံးကို အစည်းအဝေးခန်းထဲကနေ မောင်းထုတ်လိုက်တယ်
"အဖွဲ့ခေါင်းဆောင်..တစ်ယောက်ယောက်က ခေါင်းဆောင်ကို တွေ့ချင်တယ်လို့ ပြောနေပါတယ်.." အဖွဲ့သား တစ်ယောက်က သူ့ကို လာအကြောင်းကြားတယ်
"ငါ့ကိုတွေ့ချင်တယ်?..ဘယ်သူတဲ့လဲ.."
"မသိဘူးဗျ..သူ့ကြည့်ရတာတော့ အတော်ငယ်သေးတဲ့ပုံပဲ.."
တုကျွယ်က မျက်မှောင်ကျုတ်လိုက်တယ်
"ငါသိပြီ.."တုကျွယ်ကအစည်းဝေးခန်းထဲကနေထထွက်သွားပြီး ဧည့်တွေ့ခန်းကိုသွားလိုက်တယ်
လယ်သာဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူကိုတွေ့တော့ သူ့အကြည့်တွေ ကျဉ်းမြောင်းသွားတယ်

VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.