Unicode
ပင်လယ်လေးသွယ်နယ်မြေရှစ်ပါးကစိတ်အပြောင်းအလဲမြန်ပေမဲ့သူ့စည်းမျဥ်းတွေကိုတော့သူချိုးဖောက်လေ့မရှိဘူး
ဥပမာ, မနေ့ကcity warမှာတုန်းကသူဘယ်လိုနိုင်သွားတယ်ဆိုတဲ့သတင်းအချက်အလက်ကိုမဖုံးကွယ်ထားဘူးသူကသူမလုပ်တဲ့အရာတွေစွပ်စွဲလာရင်တော့သည်းမခံဘူး အဲ့ဒါကြောင့်အခုကိစ္စကရှီရှန်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောတော့လီရှို့ကယုံလိုက်တယ်
လီရှို့က ပင်လယ်လေးသွယ်ဆီကို Private Chatမှာစာတစ်စောင်ပို့လိုက်တယ်
လီရှို့ : [hazy moon ကိုငါ့ဆီရောင်းပေးနိုင်မလား]
ပင်လယ်လေးသွယ်နယ်မြေရှစ်ပါး :
[ငါကပထမရှင်းလင်းသူဆိုတဲ့နာမည်ကိုပဲပိုင်တာ,အခြားလက်နက်တွေitemတွေကငါနဲ့မဆိုင်ဘူး]ပြောပြီးတဲ့နောက်မှာပင်လယ်လေးသွယ်နယ်မြေရှစ်ပါးကရှီရှန်းကိုပစ္စည်းတွေအကုန်ပေးလိုက်တယ်
ရှီရှန်းကအဲဒီဝတ်စုံနဲ့ကောင်းကင်ဘုံလက်နက်ဖြစ်တဲ့ 'သွေးစုပ်ခွက်' အပါအ၀င်အခြားပစ္စည်းတွေကိုအကဲခတ်နေတယ်
ရှီရှန်းကိုဆွဲဆောင်နေတဲ့ပစ္စည်းကတစ်ခုပဲရှိတယ်
'ခရမ်းရောင်တိုကင်လက်မှတ်တစ်ခု'ဒီပစ္စည်းကအရမ်းအရေးပါတယ်
'ဒါက ကြယ်စင်ခုနစ်သိန်းတာ၀ါကနေရလာတဲ့ဟာပဲ'
အဖွဲ့တွေပေါ်လာတဲ့နောက်ပိုင်းမှာ မဟာမိတ်အဖွဲ့ကြီးဖွဲ့ဖို့ဆိုရင်ဒါကမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းပဲ
မဟာမိတ်အဖွဲ့ကြီးဆိုတာက ဂိုဏ်းပေါင်းများစွာဖွဲ့စည်းထားတာပဲအဲဒီမှာကစားသူတစ်ထောင်လောက်စုမိရင်ကမ္ဘာစစ်ထဲမှာပါဝင်နိုင်ပြီ
ရှီရှန်းကစစ်ဆေးနေတုန်းမှာပဲလီရှို့ကစကားလှမ်းပြောတယ်
လီရှို့ : [hazy moonဆိုတဲ့ဝတ်စုံကိုငါ့ကိုရွှေ၂၀၀၀၀နဲ့ရောင်းပါလား]
လရောင်အောက်ကနှင်းပွင့်လေး :
[ဒီသားရဲတွင်းထဲကအဖိုးတန်သေရည်ကလူတွေကပိုက်ဆံအဲလောက်တောင်ချမ်းသာတာလား]
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.