Unicode
ဒါပေမယ့် လေးပင်လယ်က အစိုးရိမ်လွန်နေတယ်ဆိုတာ တဖြည်းဖြည်းပေါ်လွင်လာတယ်
လရောင်အောက်အဖွဲ့က ပေါတိပေါချာဖြစ်နေကြတယ်ဆိုပေမယ့် တကယ်တမ်းတိုက်ခိုက်တဲ့အခါမှာတော့ အားကုန်သုံးကြတယ်
၅၉ထပ်နဲ့နောက်ပိုင်းမှာ လေရောင်အောက်အဖွဲ့က အရှေ့ကနေဦးဆောင်ရှင်းလင်းပြီး ရှီရှန်းနဲ့နတ်ဘုရားတိုင်ကွန်းကတော့ နောက်ကနေ ကာပေးတယ် လေးပင်လယ်ရဲ့အဖွဲ့ကတော့ သက်တောင့်သက်သာလိုက်လာရလုနီးပါးပဲ
ရှီရှန်းအတွက် ဒါက ဒီအရူး၄ကောင်အမှန်တကယ်တိုက်ခိုက်တာကို ပထမဆုံးမြင်ဖူးတာပဲ သူတို့က heroတွေရဲ့ပုံပန်းသွင်ပြင်ကိုစိတ်မ၀င်စားဘဲ ၄ယောက်သားတိုက်ပွဲ၀င်တဲ့အခါ ဘက်ညီအောင်ရွေးချယ်ထားတာဖြစ်တယ် ဒါကြောင့်နှင်းပွင့်လေးက အမျိုးသမီး character ကိုရွေးချယ်ထားတာ မထူးဆန်းဘူး
ဂိမ်းတီထွင်သူက အမျိုးသမီး အမျိုးသား character အချိုးအစားညီမျှစေဖို့အတွက် powerတွေကိုလည်း ဘက်မျှအောင်ပေးထားတယ် အမျိုးသားcharacterတွေက တိုက်ခိုက်မှုစွမ်းအားကောင်းမွန်သလို အမျိုးသမီးcharacterတွေကတော့ ပြန်လည်ကုစားမှုစွမ်းအားမှာသာလွန်ကြတယ်
ဒီလေးယောက်က ဦးဆောင်မှုဇယားမှာ ထိပ်ဆုံး၁၀ယောက်ထဲပါနေတာမို့လို့ တာ၀ါဖြိုတဲ့နေရာမှာလည်း အကူအညီမရစရာအကြောင်းမရှိဘူး
[အထူးကြေညာချက်]
ဗေဒါပန်းလေး : [နောက်ဆုံးရသတင်း ....လီရှို့တို့အဖွဲ့က 68ထပ်မှာရောက်နေပြီ final towerကိုရောက်ဖို့ ၂ထပ်ပဲလိုတော့တယ် ]
Group chatထဲတွင်...
ပင်လယ်လေးသွယ်ကုန်းမြေရှစ်ခု : [ငါတို့က၁ထပ်နောက်ကျနေတာပဲ..]
သူတို့အဖွဲ့ကအခုမှ ၆၇ထပ်ပဲရှိသေးတယ်
နတ်ဘုရားတိုင်ကွန်း : [နောက်ဆုံးfinal bossက တိုက်ရတာ မလွယ်လောက်ဘူး ဒီအခွင့်အရေးကိုအရယူပြီး မြန်မြန်လုပ်ရမယ် ငါတို့မှာအခွင့်အရေးရှိနိုင်ပါသေးတယ် ]
လရောင်အောက်ကနှင်းပွင့်လေး : [final bossကြီးကိုငါမတိုက်ချင်ဘူးနော်...ကြောက်တယ်]
DU LIEST GERADE
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
JugendliteraturThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
