Unicode
Unicode
"ဘာဖြစ်လို့ တို့ကမင်းကိုကူပြီးရှင်းပြပေးရမှာလဲ "
ရှီရှန်းကခေါင်းမော့ပြီးအေးစက်စွာပြောလိုက်တယ်ကျင်းရှောင်ယွီရဲ့မျက်နှာကဖျော့တော့သွားတယ် သူမက စိတ်လှုပ်ရှားနေလွန်းလို့ လက်တွေတောင်တဆတ်ဆတ်တုန်နေတယ်
'သူမက ဒီကိစ္စရဲ့နောက်ကွယ်ကသူပဲ ဘယ်လိုလုပ်ပြီးငါ့ကိုကူညီပါ့မလဲ ဟိုနေ့ညက အကလေ့ကျင့်ခန်းမှာ သူမကိုနည်းနည်းလေးပဲစိတ်အနှောင့်အယှက်ဖြစ်စေလိုက်တာ အခုတော့ငါ့ကို ဒီလိုမျိုးဖြစ်စေတယ်....ငါထင်တဲ့အတိုင်းပဲ ချမ်းသာတဲ့မိသားစုကသူတွေက တကယ်ကြောက်စရာကောင်းတယ် သူတို့တွေရဲ့ထက်မြက်လှပတဲ့အမူအရာအောက်မှာ ကောက်ကျစ်တဲ့အတွင်းစိတ်ကိုဖုံးထားကြတာ.. ""ကျွတ်..ကျွတ်...နင့်မျက်နှာအ အရေထူလိုက်တာ ကျင်းရှောင်ယွီရယ်..ပထမဆုံးနင်က ပေ့ရှောင်ကို မြှူဆွယ်တယ် အခုတော့ နင်က သူ့ညီမကိုပါ ဆွဲထည့်ဖို့ကြိုးစားနေပြန်ပြီ..နင့်ရဲ့မကောင်းတဲ့အတွေးတွေကို သူမ မသိဘူးလို့များ နင်ထင်သလား"
ကျင်းရှောင်ယွီက အဲ့ဒီလိုပြောလိုက်တဲ့မိန်းကလေးကိုဒေါသတကြီးလှည့်ကြည့်တယ် မျက်ရည်တွေစီးကျနေပြီးဒေါသတကြီးဖြစ်နေတဲ့မျက်နှာက တကယ်ကိုကြောက်စရာကောင်းနေတယ်
ကျောင်းသူလေးကခနလောက်လန့်သွားပေမယ့် ကျင်းရှောင်းယွီကို အသာစီးရမသွားစေဘူး
"ကျင်းရှောင်ယွီ...နင်ဘာကြည့်နေတာလဲ.."ကျင်းရှောင်ယွီက အဲ့ဒီမိန်းကလေးကို ရုတ်တရပ်လှမ်းဆွဲလိုက်တယ်
"နင်ကသာ သူများတွေကိုမြှူဆွယ်တာ..ငါပေ့ရှောင်ကိုမမြှူဆွယ်ဘူးလို့ပြောနေတယ်လေ.."
သူမတို့နှစ်ယောက်က ပြင်းပြင်းထန်ထန်နပမ်းလုံးနေကြလို့ ဘေးနားမှာရှိနေတဲ့လူတွေက အချိန်အတော်ကြာအောင် ဆွဲခွာလိုက်ရတယ်မကြာခင်မှာပဲ အမျိုးသားဇာတ်လိုက်ရောက်လာမှာကိုသိတဲ့ရှီရှန်းကတော့ ပွဲကြည့်ပရိသတ်သာ လုပ်နေလိုက်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.