Unicode
ပုကျင်းယွင်ကရှီရှန်းရဲ့အရှက်မရှိမှုတွေကိုအတော်ကိုသည်းခံနေရတယ်
'သူစောစောကအကူညီတောင်းတုန်းကကြတော့ဒါမျိုးမဟုတ်ပါဘူး,ငါ့ရဲ့လူတွေကများသူမရဲ့အလှအောက်မှာကျရှုံးတယ်ဆိုပဲ, ဟားဟားဟား, ငါ့လူတွေကိုဘာများမှတ်နေလဲ'ရှီရှန်းကတော့ရုပ်ရှင်မင်းသားမင်းသမီးတွေလုပ်သလိုမျိုးသူမလက်ကိုဝှေ့ယမ်းပြလိုက်တယ် အောက်ကလူတစ်အုပ်လုံးကစင်ပေါ်တက်လာပြီးတော့သူမကိုရိုက်သတ်ချင်စိတ်တွေပေါက်လာတယ်
ပုကျင်းယွင်ကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်
'ငါသာဒဏ်ရာရမထားဘူးဆိုရင် စင်ပေါ်ကိုတက်ပြီးသူ့ကိုသေအောင်ရိုက်ပစ်မယ်သူကငါပဲဖြစ်မှာ,ဆောင့်ကြွားကြွားနဲ့'"ရှန့်ယောင်ကွမ်း! အရေးမပါတာတွေလုပ်မနေနဲ့....ကိစ္စကိုသေချာရှင်းပြစမ်း!''
ကျုံးရှီရိ ကသူမကိုအလွတ်မပေးဘူး"အဘိုးကြီး, ရိုက်ခံထိချင်နေတာလား,ငါတို့ယောင်ကွမ်းက နယ်မြေကိုးပါးခန်းမကသူ့ဘာသာသူအလျော့ပေးသွားတာလို့ပြောပြီးပြီလေ .သတ္တိတွေရှိနေရင် သူတို့ကိုသွားမေးပါလား,ငါတို့ယောင်ကွမ်းကိုဘာတွေလာရှုပ်နေတာလဲ''
တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့သူဖုန်းစားဦးလေးကစကားထွက်ပြောတယ်"အကယ်၍သူမမှန်တယ်ဆိုရင်ဘာလို့ရှင်းမပြနိုင်ရတာလဲ''
ကျုံးရှီရိကလက်သီးကိုဆုပ်ထားတယ်"ယောင်ကွမ်းကရှင်းပြပြီးနေပြီလေ,မင်းကသာသူမကိုလိုက်ပတ်ပြီးပြဿနာရှာနေတာမဟုတ်ဘူးလား''သူဖုန်းစားဦးလေးကပြန်ပြောတယ်
''မင်းမှာသတ္တိတွေအရမ်းရှိနေရင်ငါနဲ့သာစာရင်းလာရှင်းစမ်းပါ''သူတို့နှစ်ယောက်ကရှေ့တိုးလာပြီးတိုက်တော့မယ့်အချိန်မှာအကြီးအကဲက ထွက်လာတယ်
သူ့ပုံစံကဝပေမဲ့သားသားနားနားရှိပြီးကြည့်ကောင်းတယ်လို့ပြောလို့ရတယ် သူပြုံးလိုက်ရင်အဆီတွေကသူ့မျက်လုံးကျဥ်းကျဥ်းလေးတွေကိုဖုံးသွားတယ်
ခေတ်သစ်ကမ္ဘာမှာဆိုရင်တော့သူကဝလွန်းလွန်းသူ့အတွက်တော်တဲ့အင်္ကျီမရှိလောက်တော့ဘူး
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.