Unicode
ရှီရှန်း မနာလိုတဲ့ကိစ္စကတော့ ဖူချင်းက သူတစ်ယောက်တည်း တစ်ခန်းနေရတာကိုပဲ..ဘယ်သူကမှသူနဲ့ အတူတူမနေရဲဘူး..
'ငါတို့နှစ်ယောက်လုံးကဗီလိန်တွေပဲ...အခုလိုမျိုးခွဲခြားခွဲခြားလုပ်တာတော့မကောင်းပါဘူး....'
စားသောက်ပြီးတော့ ရှီရှန်းကအခန်းထဲပြန်လာတယ် အစတုန်းကတော့လင်းရင်နဲ့ကောင်မလေးတစ်ယောက်က ခနလောက်နေပြီးမှပြန်လာမလို့ပေမယ့် ကော်ရစ်ဒါကနေ ဆူဆူညံညံအသံတွေထွက်လာတော့ လာကြည့်ကြတော့တယ်
ရှီရှန်းရဲ့မျက်နှာချင်းဆိုင်အခန်းမှာကျင်းရှောင်ယွီကအပြင်ကိုတွန်းထုတ်ခံနေရတယ်
"တောသူမ!...နင့်ကိုယ်နင်အဆင့်အတန်းမြင့်တဲ့သူလို့ထင်နေလား...နင်ကအခုချမ်းသာလာပြီဆိုရင်တောင် အဆင့်မရှိတဲ့တောသူမဖြစ်နေတုန်းပဲ...ငါနင်နဲ့တစ်ခန်းထဲမနေနိုင်ဘူး...ထွက်သွား.."
"ကျန်းနာ့နာ့..နင်ဘယ်သူ့ကို တောသူမလို့ပြောနေတာလဲ! "
ကျင်းရှောင်ယွီကလည်း ဒေါသတကြီးပြန်အော်တယ်
ကျန်းနာ့နာ့ကလည်း ခါးထောက်ပြီး အော်ပြောလိုက်တယ်
သူမရဲ့မျက်နှာပေါ်မှာ ကျင်းရှောင်ယွီကိုမနှစ်မြို့ဘူးဆိုတာ အထင်းသားပဲ
"မေးနေတဲ့သူကိုပြောတာလေ ဘာဖြစ်လဲ!!!..."
ကော်ရစ်ဒါ တစ်လျှောက် အခန်းတံခါးတွေပွင့်လာပြီး ကျင်းရှောင်ယွီနဲ့ကျန်းနာ့နာ့ကို ချောင်းကြည့်နေကြတယ်...
ကျင်းရှောင်ယွီနဲ့တစ်ခန်းထဲနေရတဲ့ ကျန်းနာ့နာ့က သူမကို မနှစ်သက်တာ အရင်ကတည်းကပဲ ပုံမှန်အချိန်တွေမှာတောင် ကျန်းနာ့နာ့က ကျင်းရှောင်ယွီကို နည်းမျိုးစုံနဲ့ဒုက္ခပေးတာ အခုလိုတစ်ခန်းထဲကျလိုက်တော့ ပြောစရာတောင်မလိုဘူး...ကိစ္စတွေက ဘယ်လိုလုပ်အေးအေးချမ်းချမ်းပြီးသွားပါ့မလဲ...
ရှီရှန်းက နဖူးကိုနှိပ်နယ်လိုက်တယ်
'ဇာတ်လိုက်မနဲ့တူတူနေရပြီဆိုမှတော့ ပြသနာတွေပေါ်လာမှာပေါ့ !'
"ကျန်းနာ့နာ့!!! နင်လွန်မလာနဲ့"
ကျန်းရှောင်ယွီက ည၀တ်အင်္ကျီကို၀တ်ထားတယ် သူမမှာ ဘောင်းဘီ၀တ်ဖို့အချိန်မရှိလိုက်တာကြောင့် ကာတွန်းပုံအောက်ခံဘောင်းဘီကပဲ အောက်ပိုင်းကိုဖုံးထားပေးတယ်
ပတ်၀န်းကျင်မှာမိန်းကလေးတွေပဲရှိတယ်ဆိုပေမယ့်လည်းလူအများရဲ့၀ိုင်းကြည့်တာကိုခံနေရတာ ကျင်းရှောင်ယွီက အရှက်ကွဲသလိုခံစားရတာကြောင့် အင်္ကျီကို အောက်ကိုအတင်းဆွဲချနေပြီး တတ်နိုင်သလောက်ဖုံးကွယ်ဖို့ကြိုးစားနေတယ်
ВЫ ЧИТАЕТЕ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Подростковая литератураThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
