Unicode
ရှီရှန်းက ဗိုက်အတော်ဆာနေတယ် သူမမှာအပြင်ထွက်ချင်စိတ်လည်းမရှိဘူး ပြီးတော့လျန်ကောက သူမအတွက်ကျောင်းမှာခွင့်တိုင်ပေးထားတယ်ဆိုတော့ဒီနေ့သူမကျောင်းသွားစရာမလိုဘူး
''ရှင်ဘယ်လိုဒဏ်ရာရလာတာလဲ'' ရှီရှန်းက သူများအိမ်မှာနေရတာနည်းနည်းလေးတောင်အားနာမှုမရှိဘဲဆိုဖာပေါ်မှာသက်တောင့်သက်သာထိုင်နေတဲ့ရှီရင်းကိုကြည့်လိုက်တယ်
'ရှင့်ကြည့်ရတာလည်း သူများအိမ်မှာသက်တောင့်သက်သာရှိတာမြန်လိုက်တာ'
ရှီရင်းကသူ့ခေါင်းကိုမော့လိုက်ပြီးခပ်ညသ်ညစ်အပြုံးတစ်ခုပြုံးလိုက်တယ် ''ငါ့အတွက်လက်စားချေပေးရင် ငါကျေနပ်အောင်လုပ်ပေးချင်လို့လား''
''အကယ်၍ရှင့်ကိုသာပျော်ရွှင်စေမယ်ဆိုရင်ကိစ္စမရှိပါဘူး''
ရှီရှန်းက အေးအေးဆေးဆေးပဲပြန်ဖြေတယ်'ပြောချင်တာက တစ်ယောက်ယောက်ကိုသတ်ပေးရုံပဲမလား,ဘာတွေများခက်ခဲနေလို့လဲ'ရှီရင်းရဲ့မျက်လုံးထဲမှာစိတ်ညစ်သွားတဲ့အပြုအမူပေါ်လာတဲ့အခါရှီရှန်းကစိတ်တိုလာတယ်'အဲ့အကြည့်ကဘာတုန်း, ကျွန်မကိုမယုံဘူးလား, နည်းနည်းတောင်ယုံကြည်ပေးလို့မရဘူးလား'
''ဘယ်သူလဲသာပြောစမ်းပါ,ကျွန်မသူ့ကိုအခုချက်ချင်းသွားသတ်မယ်''ရှီရှန်းကခပ်ပြတ်ပြတ်ပြောပြီး သူ့ဘေးနားကိုကပ်လာပြီး ရှီရင်းရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်
''မင်းကသူ့ပြိုင်ဘက်မဟုတ်ဘူး''ရှီရင်းကသက်ပြင်းချမိတယ်
''အဓိပ္ပာယ်ယျမရှိတာတွေ ကျွန်မ မသတ်နိုင်တဲ့သူဆိုတာမရှိဘူး''ရှီရှန်းရဲ့လေသံကအေးစက်ပြီးမာနထောင်လွှားနေတယ်'ငါကဘာလို့အဲ့လူမဆန်တဲ့ကောင်ကိုမသတ်နိုင်ရမှာလဲ,ပြိုင်ဖက်ကသာမာန်လူပဲမဟုတ်ဘူးလား,ဘာလဲ?,သူကကောင်းကင်ဘုံကနတ်ဘုရားတွေထက်သာလွန်တဲ့သူလို့တော့လာမပြောနဲ့နော်!!!'
ရှီရင်း''.....''
'ဒီမိန်းမမှာစိတ်ဝေဒနာတွေဘာတွေများရှိနေတာလား, လူတစ်ယောက်ကိုသတ်ဖို့အဲ့လောက်တောင်လွယ်နေတာလား,နည်းနည်းလေးတောင်မိန်းကလေးဆန်ပေးလို့မရဘူးလား'
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.