Arc 8.24

3.6K 671 6
                                    

Unicode

"ဟင့်အင်း..."

'စိတ်ပျက်စရာကြီး အဲ့ဒီ​မှတ်ဥာဏ်အပိုင်းအစဆိုတာ​တွေက ဒီသရဲနှစ်​ကောင်နဲ့တကယ်ဆိုင်တယ်​ပေါ့..အဲ့ဒါဆို ငါက ဒီအိမ်ကြီးနဲ့တကယ်ဆက်စပ်​နေတယ်လို့​ပြောတာလား...ဖာ့ခ်..နင်တို့ရဲ့ဇာတ်​ကြောင်းကြီးက​ခေါင်းကိုက်ချင်စရာကြီး...နဲနဲ​လောက်ရိုးရှင်းလို့မရဘူးလား...'

"ငါ နင့်ရဲ့လက်​မောင်းကိုကြည့်လို့ရမလား.."
အနီ​ရောင်မိန်းက​လေးက ​တောင်းဆိုတယ်
ရှီရှန်းက ခန​လောက်ငြိမ်သွားပြီး အင်္ကျီလက်ကို​​ခေါက်တင်​ပေးလိုက်တယ် 'ဒီသရဲက မှတ်ဥာဏ်​တွေကိုရှာရမယ့်​နေရာမှာ အ​ရေးကြီးတဲ့NPCပဲ...သူမကို အပြစ်မပြုမိတာ​​ကောင်းမယ်..NPC​တွေ​ဒေါသထွက်သွားရင် တကယ်​ကြောက်စရာ​ကောင်းတယ်​လေ..'

ရှီရှန်းရဲ့လက်​မောင်းအ​ပေါ်နားမှာအနီ​ရောင်အမှတ်က​လေးတစ်ခုရှိတယ် ကြည့်ရတာ ငယ်ငယ်တုန်းက​ဆော့ရင်းကစားရင်းရခဲ့တဲ့ဒဏ်ရာ​လေးလိုပဲ

...........

အနီ​ရောင်မိန်းက​လေးရဲ့နာမည်က နဥ်ရှန့်ဖြစ်ပြီး ​ကောင်​လေးရဲ့နာမည်က နဥ်ယန် ဖြစ်တယ်

သူတို့က ရှီရှန်းနဲ့ဖုန်းကျင်းကို ​မြေ​အောက်ခန်းထဲကို​ခေါ်သွားတယ်  အထဲမှာ ညှီစို့စို့ပုပ်အက်အက်အနံ့တစ်မျိုးရှိ​နေတာ​ကြောင့် ရှီရှန်းက ဖုန်းကျင်းကိုမျက်​မှောင်ကျုတ်ပြီးကြည့်လိုက်တယ်

ရှီရှန်းရဲ့အပြုအမူကိုသတိထားမိ​တော့ နဥ်ရှန့်ကအားနာ​နေတဲ့ပုံစံနဲ့​ပြောတယ် " ရှောင်ယန်ကအရမ်း​အဆော့မက်တယ်​လေ..သူက ​တွေ့သမျှပစ္စည်းတိုင်းကို ဒီထဲသယ်လာတာ.."

" ဒီမှာ နင်တို့နှစ်​ယောက်တည်း​နေကြတာလား.." ရှီရှန်းက အခန်းကိုစူးစမ်းလိုက်တယ် အရာအားလုံးကအို​ဟောင်း​နေပြီဆို​ပေမယ့် ပရိ​ဘောဂ​တွေအပြည့်နဲ့ဖြစ်တယ်  အထူးလက်ရာ​မြောက်​အောင် ပြုလုပ်ထားတဲ့စာအုပ်စင်​တွေ ကြွရွ​နေ​အောင်ရုပ်လုံး​ဖော်ထားတဲ့စားပွဲကြီးနဲ့ထိုင်ခုံ​တွေ..အားလုံးကသူ့​ခေတ်သူ့အခါက ထိပ်တန်းပညာရှင်​တွေဖန်တီးထားခဲ့မှန်းသိသာ​နေတယ်..

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now