Unicode
"ဖူချင်း!!!ရှင်တစ်ခုခုပြောရင် သေသွားမှာမို့လို့လား..."
ရှီရှန်းက စကားမပြောရလို့ ပါးစပ်ခြောက်ပြီးသေရတော့မယ် ဖူချင်းကအခုထိ အသံတစ်သံမှမထွက်လာသေးဘူး
'ဒီလိုလုပ်နေမယ်ဆိုရင် ငါ့ကိုဘာလို့ မနက်အစောကြီးလာနှိပ်စက်တာလဲ..'ဖူချင်းရဲ့ခြေလှမ်းတွေရပ်သွားပြီးသူမကိုလှည့်ကြည့်တယ် သူ့မျက်လုံးတွေကိုကြည့်ရတာစိတ်မရှည်ဖြစ်နေပုံပေါ်ပေမယ့် သူ့ပိုက်ဆံအိပ်ကို ရှီရှန်းဆီလှမ်းပေးလိုက်တယ်
အဲ့ဒီအခါမှပဲ ရှီရှန်းလည်း သူ့ကို မနက်စာလှမ်းပေးလိုက်တော့တာပဲရှီရှန်းကသူ့ကိုစောင့်ကြည့်နေတုန်းမှာ ဖူချင်းက သူ့ရဲ့မနက်စာကိုတစ်ချက်ပဲကြည့်ပြီးမြေကြီးပေါ်သွန်ချပစ်လိုက်တယ်
"မကြိုက်ဖူး.."ရှီရှန်း"......"
'System..နင်ငါ့ကိုတားဖို့မကြိုးစားနဲ့တော့!!!....ဒီနေ့ ငါသူ့ကိုသေအောင်ရိုက်သတ်ပစ်မယ်..သူ့လောက်ရွံစရာကောင်းတဲ့villainမျိုး ငါတစ်ခါမှမမြင်ဖူးဘူး..ငါ့မှာတော့ မြို့တစ်ဖက်ခြမ်းကိုသွားပြီး သူ့အတွက်မနက်စာသွား၀ယ်ထားရတာ သူကတော့အခုလိုလုပ်ပစ်တယ်!!!!...ဒီလိုလူမျိုးတစ်ခါမှမကြုံဖူးဘူးဟေ့!!!!......'သက်တော်စောင့်တွေက ရှီရှန်းဆီကနေ ပြင်းထန်တဲ့လူသတ်ချင်စိတ်တွေထွက်ပေါ်လာမှန်းသတိထားမိတာကြောင့် သူမဆီအမြန်ပြေးလာပြီးနှစ်သိမ့်ကြတယ်
"မမလေးပေ့...ကျေးဇူးပြုပြီးစိတ်လျှော့ပါ...ကျွန်တော်တို့သခင်လေးက ဒီနေ့တကယ်ကိုစိတ်ကောင်း၀င်နေတာပါ..ကျွန်တော် တောင်းပန်ပါတယ်...မမလေး စိတ်လျှော့ပါ...စိတ်လျှော့ပါ...."'စိတ်လျှော့.......
စိတ်လျှော့...............
ငါ့ဖင်ကြီးကိုပဲစိတ်လျှော့လိုက်.......!!!!!
ငါသူ့ကိုဒီနေ့သတ်ပစ်မယ်....ကမ္ဘာကြီးရဲ့ စိတ်ပျက်စရာသတ္တ၀ါကိုရှင်းပစ်မယ်!!!!...'
"မြန်မြန်လုပ်!!!!...သခင်လေးကို ခေါ်သွား.."
"မမလေးပေ့...ကျေးဇူးပြုပြီးစိတ်လိုက်မာန်ပါမလုပ်ပါနဲ့...."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.