Unicode
ရှီရှန်းကမောင်မယ်သစ်လွင်ကြိုဆိုပွဲကိုမတက်တော့ဘူး ဇာတ်လိုက်၂ယောက်အီစီကလီလုပ်နေကြတာကိုစိတ်ရှည်သည်းခံစွာကြည့်နိုင်ဖို့ ကောင်းမွန်တဲ့ခန္တီတရား သူမမှာမရှိဘူး ရှီရှန်းက မိထွေးလိုစာရေးဆရာမဖြစ်တာကြောင့် ဇာတ်လိုက်မကိုအလွန်အမင်းပစားပေးထားလွန်းတဲ့၀တ္ထုတွေကသူမအတွက်တော့ တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းတယ်
ညနေ ရှီရှန်းအိမ်ကိုပြန်ရောက်တော့ ဂိမ်းရဲ့updateတွေပွင့်သွားပြီ
World chatထဲမှာ လကုန်ရင်ကျင်းပတော့မယ့် ပထမဆုံးမဟာမိတ်စစ်ပွဲအကြောင်းဆွေးနွေးနေကြတယ်
ကြယ်စင်တစ်သိန်းတာ၀ါကလည်း အထပ်၁၂၀ထိတိုးမြှင့်လိုက်ပြီရှီရှန်းကဖိုရမ်ထဲကိုသွားကြည့်လိုက်တော့ အရင်တစ်ခါက ဂယက်ထခဲ့တဲ့ စန်းယွီရဲ့အတင်းအဖျင်းတွေက ပျောက်ကွယ်သွားပြီ
'ပျင်းစရာကောင်းလိုက်တာ...တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ချက်ကျလက်ကျတိုက်ခိုက်မှပေါ့...သနားစရာပဲ...အားပျော့လွန်းတယ် 'ရှီရှန်းကဂိမ်းထဲကိုပြန်သွားပြီး မင်ရည်ရှာဖွေသူဆီစာပို့လိုက်တယ်
Private chatထဲတွင်
မိုင်တစ်ထောင်တေးဂီတ : [ ယောက်ျားရေ...ရင်းနှီးမှုအမှတ်တွေ သွားတိုးကြရအောင် ]မင်ရည်ရှာဖွေသူ : [ စကားကိုလူလိုပြော ]
'ဟေး!!..ငါဘယ်တုန်းက ခွေးလိုပြောနေလို့လဲ '
မိုင်တစ်ထောင်တေးဂီတ : [ ခွေးကောင်လေး!! ..အမြန်လာစမ်း.. ရင်းနှီးမှုအမှတ်တွေသွားတိုးကြမယ်.. ငါcouple skillတွေသုံးချင်လှပြီ ]
Couple skillတွေသုံးဖို့ဆိုရင် ရင်းနှီးမှုရမှတ်က အတိုင်းအတာတစ်ခုထိများဖို့လိုတယ်
မင်ရည်ရှာဖွေသူ : [ Fallback Valley ကိုဩဒိနိတ် 331,465]
မင်ရည်ရှာဖွေသူ က တစ်ယောက်တည်းရှိနေတာမဟုတ်ဘူး သူ့ဘေးမှာ အမြတ်ကြီးစားသူလည်းအတူရှိပြီး သူတို့၂ယောက်ကလည်းprivate chatထဲမှာစကားပြောနေကြတာဖြစ်တယ်
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.