Unicode
ရှီရှန်းက သူမရှိနေတာကို အကြောင်းမကြားတော့ဘဲ ကိုယ့်အခန်းထဲကိုယ်၀င်လာခဲ့လိုက်တယ်
ဒီမှာရှိတဲ့လူတိုင်းကသူမကိုမနှစ်သက်ကြဘူးလေ သူတို့ရဲ့သခင်မလေးအဖြစ်တောင် သတ်မှတ်ထားကြမှာမဟုတ်ဖူး
ကျင်းရှောင်ယွီက အဲ့ဒီမိန်းမလှလေးကဘယ်သူလဲလို့မေးချင်ပေမယ့် ပေ့ကျဲ့ရဲ့ မျက်နှာအမူအရာက မဲမှောင်နေတာကြောင့် ဘာမှမပြောရဲတော့ဘဲ သူမရဲ့အိမ်စာတွေကိုပဲပြီးအောင်လုပ်နေလိုက်တော့တယ်
အဲ့ဒီမိန်းကလေးက ညစာဆင်းမစားတာကိုတွေ့တော့ သူမအကြောင်းကိုပိုပြီးသိချင်လာတာကြောင့် အိမ်တော်ထိန်းဦးလေးဟယ် ကိုသူမအကြောင်းတိတ်တ်ိတ်လေးမေးလိုက်တယ်
"ဦးလေးဟယ် ကျွန်မ နေ့လယ်က တော်တော်လှတဲ့ကောင်မလေးတစ်ယောက်ကို ခြံထဲမှာတွေ့လိုက်တယ် သူမကဘယ်သူလဲဟင် "
"အော်..သူမကငါတို့ရဲ့ မမလေးလေ သူမကဒီနေ့မှ အိမ်ကိုပြန်လာတာ "
"..မမလေး လား...!!! "
ကျင်းရှောင်ယွီက ခေါင်းရှုပ်သွားတယ်
'ပေ့မိသားစုမှာ သခင်လေးပေ့ကျဲ့တစ်ယောက်ပဲရှိတယ်လို့ ငါသိထားတာ မမလေးက ဘယ်ကနေရောက်လာတာလဲ'
"သိပ်ပြီးမစပ်စုစမ်းပါနဲ့.."
ဦးလေးဟယ်က ကျင်းရှောင်ယွီကို သတိပေးတဲ့အနေနဲ့ တစ်ချက်ကြည့်လိုက်တယ်
သူကဒီအိမ်မှာအလုပ်၀င်လာတာကြာပြီဖြစ်လို့ ကိစ္စတော်တော်များများကို သိတယ်
သူက ပေ့ဇီကို သနားပေမယ့်လည်း ဒီကိစ္စက အလုပ်ရှင်တွေရဲ့ အတွင်းရေးဖြစ်လို့ သူတို့လို အစေခံတွေ၀င်ပြောသင့်တဲ့အကြောင်းအရာမဟုတ်ဘူး
ကျင်းရှောင်ယွီက "အိုး.."
လို့ပဲအသံပေးလိုက်ပြီး ပေ့ကျဲ့လှမ်းခေါ်နေတဲ့ဆီကို ထွက်သွားတယ်
.......................
ရှီရှန်းကညစာကိုသူမရဲ့အခန်းထဲမှာပဲစားပြီးရှေ့နေယန် ကသူမအတွက် Alice Academy မှာတက်ဖို့ စာရွက်စာတမ်းတွေအကုန်ပြင်ဆင်ပေးထားပြီဖြစ်လို့ အဲ့ဒါတွေကိုပဲ ဖတ်နေလိုက်တယ်
VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
