Unicode
ငါမှတ်မိသလောက်ဆိုရင် ငါ့မှာပေ့ဇီလို့ခေါ်တဲ့ အရိပ်ကလေးတစ်ခုရှိခဲ့တယ် သူမက ငါ့ရဲ့ညီမလေးလေ
သူမကအမြဲတမ်းကြောက်တတ်ပြီး ရှက်နေတော့တာပဲ .အမေနဲ့အဖေတို့အနားမှာမရှိတဲ့အချိန်မှာမှ သူမရဲ့အသံချိုချိုလေးနဲ့ ငါ့ကို ကိုကို လို့ခေါ်ရဲရှာတာ
သူမလေးကို ဘာလို့မချစ်ကြမှန်းငါနားမလည်ဘူး ရှောင်ဇီလေးကတကယ်ကိုချစ်ဖို့ကောင်းတာပါ ငါ သူမနဲ့ကစားတာကို အမေနဲ့အဖေက ဘာလို့မကြိုက်ကြပါလိမ့်
အဲ့ဒီလိုနဲ့ပဲ အမေနဲ့အဖေကို စိတ်မဆိုးစေချင်တဲ့အတွက် ငါ သူမကို တိတ်တ်ိတ်လေးပဲ ဂရုစိုက်ပေးနိုင်တယ် သူမလေးပြုံးလိုက်တိုင်း ကမ္ဘာပေါ်ကဘယ်အရာကမှ သူမထက်ပိုမတောက်ပနိုင်တော့ဘူးလို့ငါခံစားရတယ်
ငါ့နောက်ကနေတကောက်ကောက်လိုက်နေတဲ့ ကလေးပေါက်စလေးကနေ ရှက်တတ်တဲ့မိန်းမပျိုလေးအဖြစ်သူမကြီးပြင်းလာတာကို ငါစောင့်ကြည့်နေခဲ့တယ်
သူမရဲ့နေ့စဥ်ဘ၀ကအရမ်းပျင်းဖို့ကောင်းတာပဲ...ကျောင်းသွားမယ် ကျောင်းဆင်းမယ် အိမ်ပြန်လာမယ် ပြီးရင် သူမရဲ့အခန်းထဲမှာပဲ တစ်ချိန်လုံးတံခါးပိတ်ပြီးနေနေမယ် အစားအသောက်တွေကိုတောင် သူမအခန်းထဲအရောက်ပို့ပေးရတယ်..
နောက်ပိုင်းမှာ အမေနဲ့အဖေက အလုပ်မအားတော့တဲ့အတွက် ငါလည်း သူတို့စိတ်ဆိုးမှာကိုကြောက်မနေရတော့ဘဲ သူမလေးရဲ့အခန်းထဲသွားပြီး ထမင်းစားချိန်တွေမှာအဖော်ပြုပေးတယ်
တစ်ခါတော့ အမေကငါတို့အတူတူရှိနေကြတာကိုတွေ့သွားပြီး အကြီးအကျယ်စိတ်ဆိုးသွားလေရဲ့ ပေ့ဇီလေးကို အခန်းထဲမှာ ၃ရက်လောက် ပိတ်ထားပစ်တယ်
အဲ့ဒီလိုနဲ့ပဲ ပေ့ဇီကငါ့ကိုစကားတောင်သိပ်မပြောရဲတော့ဘူး
နည်းလမ်းပေါင်းစုံသုံးပြီး အချိန်အတော်ကြာအောင်ချော့မော့လိုက်တော့မှ ငါ့ကို ပြန်ရင်းနှီးလာတယ် ဒါပေမယ့် ဒီတစ်ခါတော့ ငါပိုသတိထားရတယ် အမေနဲ့ အဖေ ပြန်မလာသေးတာသေချာမှ ငါသူမဆီသွားတွေ့ရတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.