Unicode
"hi..မင်းသမီးလေး..မနေ့ညက ကောင်းကောင်းအိပ်ပျော်လား.." မနက်ခင်းမိုးလင်းတာနဲ့ ရွေ့ရီက အခန်းပေါက်ဝမှာ အသင့်ရောက်နေပြီ
သူ့ရဲ့မျက်နှာချောချောက အပြုံးပန်းဝေနေပေမယ့် မျက်လုံးတွေကတော့ ရှီရှန်းဆီမှာ မရှိဘဲ အခန်းထဲကို ချောင်းကြည့်ဖို့သာကြိုးစားနေတယ်
ရှီရှန်း "......."
'ငါ သူ့ကျေးဇူးနဲ့ ကောင်းကောင်းအိပ်မပျော်တာလေ... လာမေးရဲသေးတယ်ပေါ့.. အဲ့လောက်ထိမျက်နှာပြောင်တိုက်ဖို့ ဘယ်ကနေသတ္တိတွေရနေတာလဲ...ဒီကောင့်ကို ကြိုးတုတ်ပြီး ခေါ်သွားဖို့ အဖေ့ဆီပြောမှဖြစ်မယ်..မဟုတ်ရင် ငါတော့ ဒီနေ့ ဒေါသထွက်ပြီး သေမှာပဲ...'
ရှီရင်း အခန်းထဲကထွက်လာတာကိုတွေ့တာနဲ့ ရွေ့ရီက မျက်စိတွေကို မှေးကျဉ်းပြီး ပစ္စည်းက ပေးရတဲ့ဈေးနဲ့ တန်မတန်အကဲဖြတ်သလို ကြည့်နေတယ်
"ဟမ့်..ရုပ်ကလေးလှတာကလွဲရင် ဘယ်နေရာမှာမှ ထူးခြားနေတဲ့ပုံလည်းမပေါ်ပါဘူး.." ဒါက ရွေ့ရီရဲ့ အကဲဖြတ်ချက်ဖြစ်တယ်
"ရုပ်လှနေရင် လုံလောက်ပြီလေ.." ရှီရှန်းက ပြန်ပြောလိုက်တယ်
ရွေ့ရီက ရှီရှန်းကို တုံးအလိုက်ရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တယ် "မင်းသမီးလေး...လူတွေကို အပေါ်ယံရုပ်ရည်လေးနဲ့ ဆုံးဖြတ်လို့မရဘူးကွ..မင်းသမီးလေးရဲ့ အတွေးက တိမ်လွန်းတာပဲ."
"ဒါပေမယ့် ငါကတော့ အပေါ်ယံရုပ်ရည်ကိုပဲ ကြည့်တယ်.." ရှီရှန်းက အတည်ပေါက် ပြန်ပြောလိုက်တယ်
ရွေ့ရီ "....."
သူက ရှီရှန်းကို လှမ်းဆွဲလိုက်ချင်ပေမယ့် သူမက နောက်ကို တစ်လှမ်းဆုတ်သွားတယ် "ဟေး...လက်ကဘယ်လိုဖြစ်နေတာလဲ..စကားပြောနေရင်း လာလာမထိနဲ့လေ.."
ရွေ့ရီ "....."
'မင်းသမီးလေး..မင်း ပြောင်းလဲသွားပြီ..အရင်တုန်းကဆိုရင် ငါ့ကို ပေးဖက်ပါသေးတယ်..အခုတော့ ယောက်ျားရသွားပြီဆိုပြီး ဒီအစ်ကိုကြီးကို လွှင့်ပစ်လိုက်ပြီပေါ့..အဟင့်..'
"သူက ဘာတွေများကောင်းနေလို့လဲ.." ရွေ့ရီက အရှုံးမပေးသေးဘဲ အထွန့်တတ်တယ်
BẠN ĐANG ĐỌC
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
