Unicode
တောနက်ထဲကိုသွားမယ့်အစား ရှီရှန်းကသူတို့ကို ချောက်ကမ်းပါး တစ်ခုနားကိုကွေ့ပတ်ပြီးခေါ်သွားတယ်
ချောက်ကမ်းပါးရဲ့ဟိုဘက်ကမ်းမှာ အနီရဲရဲအပင်တစ်ပင်ပေါက်နေတယ် အပင်ရဲ့ပင်စည်က အရမ်းနူးညံ့ပုံပေါ်ပြီး အရွက်နှစ်ရွက်ပဲရှိတယ် ရိုးတံရဲ့အဆုံးမှာ အပင်တစ်ပင်လုံးထပ်တောင်ပိုကြီးတဲ့အနီရဲရဲပန်းပွင့်ကြီးတစ်ပွင့်ရှိတယ် ပန်းပွင့်ကလေယူရာယိမ်းနွဲ့နေတာကြောင့် ပင်စည်ကအချိန်မရွေး ဂျွတ်ခနဲ ကျိုးသွားတော့မယ့်ပုံပဲ..
ရှီရှန်းကအဲ့ဘက်ကိုသွားတော့မယ့်အချိန်မှာပဲ ပုကျင်းယွင်ကသူမကိုလှမ်းဆွဲလိုက်တယ် .သူက ရှီရှန်းရဲ့ခါးကို လက်နဲ့ဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်..သူတို့နှစ်ယောက်ကအရမ်းနီးကပ်နေတာကြောင့် တစ်ယောက်ရဲ့နှလုံးခုန်သံကိုတောင် တစ်ယောက်ကကြားနေရတယ်..
"ရှင်ရူးသွားပြီလား.." ရှီရှန်းကသူ့ကိုစိုက်ကြည့်လိုက်တယ် "လွှတ်စမ်းပါ.."
ပုကျင်းယွင်က သူ့နှုတ်ခမ်းတွေကိုခပ်တင်းတင်းစေ့လိုက်ပြီး ပုံမှန်ထပ်အများကြီးပိုလေးနက်တဲ့အသံနဲ့ပြောလိုက်တယ်
"မင်း....ဘယ်လိုသိသွားတာလဲ.."
"ဘာကိုသိရမှာလဲ.." ရှီရှန်းက သူမရဲ့အကြည့်ကိုလွှဲလိုက်တယ်
"တိမ်လွှာနီပန်းပွင့်.."
"ရှင်နဲ့မဆိုင်ပါဘူး.." ရှီရှန်းက မျက်မှောင်ကျုတ်လိုက်တယ်
"ယောင်ကွမ်း.." ပုကျင်းယွင်က လေးလေးနက်နက်ပြောလိုက်တယ် "ကိုယ်ဘာပြောနေတယ်ဆိုတာ မင်းသိပါတယ်.."
'တစ်ခါလောက်တောင် ရိုးသားပေးလို့မရဘူးလား..'
တိမ်လွှာနီပန်းပွင့်က သူ့ကျိန်စာကိုဖြည်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေထဲကတစ်ခုပဲ...သူမ ဒီပန်းကိုရှာတွေ့တာက တိုက်ဆိုင်မှုသက်သက်ပဲဆိုတာ သူလုံး၀မယုံဘူး..
ရှီရှန်းက ပုကျင်းယွင်ရဲ့ရင်ဘက်ကို လက်နှစ်ဖက်နဲ့တွန်းလိုက်ပြီး သူမတို့ကြားမှာ နေရာနည်းနည်းခွာလိုက်တယ် "ကျိန်စာကိုဖယ်ဖို့နည်းလမ်းကို ရှင်အစောကြီးကတည်းကတွေ့ပြီးသားမလား..ရှင်မှာ လိုအပ်တဲ့ပစ္စည်းတွေမရှိလို့သာ ရှင်အဲ့ဒါကိုမလုပ်နိုင်သေးတာ.. ကျွန်မ ရှင့်ကို ဆေးဘုရင်ရဲ့ မီးပြင်းဖိုလည်းပေးပြီးသားပဲ..ကျန်တဲ့ပါ၀င်ပစ္စည်းတွေကိုလည်း ကျွန်မတွေ့အောင်ရှာပေးမယ်...ရှင်လုပ်စရာလိုတာဆိုလို့ ကျိန်စာကိုဖြည် ပြီးရင် ကျွန်မကိုလက်ထပ်ဖို့ပဲ..."
ВЫ ЧИТАЕТЕ
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Подростковая литератураThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
