Unicode
ရှီရှန်းက လရောင်အောက်ကနှင်းပွင့်လေး ကို သင့်တင့်လျောက်ပတ်တဲ့ replyတစ်ခုပြန်ပေးလိုက်တယ်
လရောင်အောက်ကနှင်းပွင့်လေးက *တာ၀ါဖြိုပွဲ ပရိသတ်များ*ဆိုတဲ့ groupတစ်ခုကိုအလျင်အမြန်ဖွဲ့လိုက်ပြီး ရှီရှန်းနဲ့ လိုင်းပေါ်မှာရှိနေတဲ့ လရောင်အောက်ကမုတ်သုန်လေ ကို groupထဲဆွဲထည့်ပစ်လိုက်တယ်
《Group chat ထဲတွင်》
မိုင်တစ်ထောင်တေးဂီတ : [နင်တို့လည်း တာ၀ါသွားဖြိုကြမလို့လား]
လရောင်အောက်ကနှင်းပွင့်လေး :[ မဟုတ်ပါဘူး...ငါတို့ကနင်လုပ်တာကိုလိုက်ကြည့်မလို့....]
လရောင်အောက်ကမုတ်သုန်လေ : [ ငါကသူခေါ်လို့ရောက်လာတာ....]
မိုင်တစ်ထောင်တေးဂီတ : [နင်တို့တွေက ငါတာ၀ါဖြိုလို့ရမယ့်အမှတ်တွေကို အချောင်လိုက်ယူချင်နေတာပဲ...ကိုယ့်ကိုကိုယ်တော်လှပြီလို့ထင်မနေကြနဲ့....]
လရောင်အောက်ကမုတ်သုန်လေ : ["........."]
လရောင်အောက်ကနှင်းပွင့်လေး : ["............"]
《မိုင်တစ်ထောင်တေးဂီတသည် တာ၀ါဖြိုပွဲရိသတ်များ groupမှ ထွက်ခွာသွားပါပြီ...》
ရှီရှန်းက ပရမ်းပတာစဆရကတစ်သိုက်ကိုချန်ထားခဲ့ပြီး တာ၀ါဖြို level တက်ဖို့ ထွက်သွားလတယ်
ရှီရှန်းကitem shopကနေ လိုအပ်သမျှပစ္စည်းတွေအကုန်၀ယ်ပြီး သူမကိုတာ၀ါထဲခေါ်သွားပေးမယ့် *ကြယ်စင်ခုနစ်သိန်း တာ၀ါ*ရဲ့ NPC ကိုသွားတွေ့လိုက်တယ်
*ကြယ်စင်ခုနစ်သိန်းတာ၀ါ*က တခြားတာ၀ါတွေလိုပဲ ပထမအထပ်၃၀က ရှင်းလင်းဖို့လွယ်ကူပေမယ့် အထပ်၃၀ကျော်လာရင် နိုင်ဖို့လုံး၀မလွယ်တော့ဘူး
ရှီရှန်းက နေ့တစ်၀က်ကျိုးပြီးတဲ့နောက်မှာ အထပ်၂၀ကျော်ဖြိုနိုင်ခဲ့ပြီး အတွေ့အကြုံအတော်ရသွားတယ် သူမတာ၀ါထဲကထွက်ထွက်လာချင်းမှာပဲ လရောင်အောက်ကနှင်းပွင့်လေးက သူမကို private chatထဲကနေ စာတစ်စောင်လှမ်းပို့တယ်
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.