Unicode
ဒီကမ္ဘာရဲ့ကျင့်ကြံခြင်းလမ်းစဥ်ကတခြားကမ္ဘာတွေနဲ့တူတူပဲ...သူတို့ရဲ့နာမည်ပေးတဲ့ပုံစံကသာ ကွဲပြားသွားတာ
အနိမ့်ဆုံးအဆင့်က စိတ်၀ိညာဥ်ကျင့်ကြံသူတွေဖြစ်တယ် သူ့အထက်မှာ စိတ်၀ိညာဥ်ဘုရင် ၊ စိတ်၀ိညာဥ် ဧကရာဇ် ၊ စိတ်၀ိညာဥ် ပညာရှိ ၊ စိတ်၀ိညာဥ်သူတော်စင် နဲ့ အမြင့်ဆုံး စိတ်၀ိညာဥ်အင်ပါယာတို့ရှိတယ်
ဒီအဆင့်တစ်ဆင့်တိုင်းမှာ အဆင့်ငယ်ခုနစ်ဆင့်ရှိသေးတယ်
သူမရဲ့အသက်အရွယ်နဲ့ စိတ်၀ိညာဥ်ဘုရင် တတိယအဆင့်ကိုရောက်ဖို့ဆိုတာ ရှန့်ယောင်ကွမ်းက အတော်လေးအရည်အချင်းရှိတယ်လို့ပြောလို့ရတယ် တော်ရုံတန်ရုံလူအများစုက သူတို့ဘ၀ကိုစိတ်၀ိညာဥ်ဘုရင် အဆင့်မှာပဲအချိန်ကုန်သွားကြတယ်လေ ရှန့်ယောင်ကွမ်းက အခုမှ ၁၄နှစ်ပဲရှိသေးတာကြောင့် သူမရဲ့အနာဂတ်က လင်းလက်နေတုန်းပဲ
သေချာတာပေါ့ အဲ့ဒါတွေက ဇာတ်လိုက်မပေါ်မလာခင်မှာပဲလေ..ဇာတ်လိုက်မပေါ်လာတာနဲ့ရှန့်ယောင်ကွမ်းရဲ့ဘ၀ကလည်း အထိုးနှက်ခံ သဲအိတ်တစ်လုံးသာသာဖြစ်သွားတော့တယ်
ရှီရှန်းကလိုက်ကာစကိုမပြီး အပြင်ထွက်လိုက်တယ်
ဖြတ်သွားဖြတ်လာတွေကသူမကိုငေးမောပြီးကြည့်နေကြတယ်'သူတို့တွေဘာတွေတွေးနေကြတာလဲ..ဒီကိုယ်က၁၄နှစ်ပဲရှိသေးတာနော်..ဘာမှရင်သပ်ရှုမောအံ့သြလောက်စရာ လှပမနေသေးဘူး...'
"မမလေး.."
လူငယ်လေးတစ်ယောက်က သူမကိုလာပြောတယ် " လမ်းမှာ လူတွေအရမ်းရှုပ်နေတယ် ကျွန်တော်တို့ လမ်းရှင်းခိုင်းလိုက်ရမလား.."ရှီရှန်းကသူ့ကိုလှမ်းကြည့်လိုက်တယ် သူက ရှန့်မိသားစုခွဲက လူရည်ချွန်ကလေး ရှန့်ကျင်းဖြစ်တယ် သူက ရှန့်ယောင်ကွမ်းနဲ့အတော်ရင်းနှီးပြီး မကြာခန အာဏာပြလေ့ရှိတယ်
'အများသုံးလမ်းပေါ်မှာ လမ်းရှင်းမယ်ပေါ့ ...အဟတ်...'
ရှီရှန်းကဘာမှပြန်မပြောတာကြောင့် ရှန့်ကျင်းက သူမလက်ခံတယ်လို့ယူဆလိုက်ပြီး လမ်းရှင်းဖို့ ကျန်တဲ့သူတွေကိုအချက်ပြလိုက်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.