Unicode
ရှီရှန်းက ကျောင်းကနေအိမ်ကိုပြန်ရောက်တာနဲ့ ဂိမ်းထဲကိုတန်း၀င်လိုက်တယ် မင်ရည်ရှာဖွေသူကဂိမ်းထဲမှာရောက်နှင့်နေပြီး သူမကို ဘယ်အချိန်ကတည်းကစောင့်နေတာလဲမသိဘူး
မင်ရည်ရှာဖွေသူ : [ ဆက်လုပ်လို့ရပြီလား...? ]
ရှီရှန်း ဂိမ်းထဲကိုရောက်ရောက်ချင်းပဲ သူကစာလှမ်းပို့တယ်
မိုင်တစ်ထောင်တေးဂီတ : [ အင်း...]မင်ရည်ရှာဖွေသူကတကယ်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် ဒီဂိမ်းကို hackပြီးဆော့တဲ့နေရာမှာလည်းကျွမ်းကျင်တဲ့သူဖြစ်တာကြောင့် ရှီရှန်းက hidden questကို ထပ်ပြီးစိတ်မပူတော့ဘူး သူမက မင်ရည်ရှာဖွေသူပြောတဲ့အတိုင်းလိုက်လုပ်ပေးဖို့ပဲလိုတယ်
ဒါပေမယ့် Questက အရမ်းရှုပ်ထွေးပြီးပျင်းစရာကောင်းလွန်းတယ် အချိန်အတော်ကြာပြီးတဲ့နောက်မှာရှီရှန်းက စိတ်၀င်စားမှုကုန်ဆုံးသွားပြီး သူမရဲ့characterကို ရှေ့ဆက်မသွားခိုင်းတော့ဘူး
မင်ရည်ရှာဖွေသူလည်း သူ့characterကရှေ့ကိုဆက်သွားလို့မရတော့မှန်းသတိပြုမိလိုက်မှ နောက်ကိုလှည့်ကြည့်လိုက်တော့ တင်ပလ္လင်ခွေထိုင်နေတဲ့ အဖြူရောင်မိန်းကလေးကိုတွေ့လိုက်ရတယ်
သူက သူမကိုရှေ့ဆက်သွားဖို့တိုက်တွန်းကြည့်သေးတယ်
မင်ရည်ရှာဖွေသူ : [?]
မိုင်တစ်ထောင်တေးဂီတ : [ ပျင်းလာပြီ...ဆက်မလုပ်ချင်တော့ဘူး ]
မင်ရည်ရှာဖွေသူ : [.......]
မိုင်တစ်ထောင်တေးဂီတ : [..ငါအရင်ဆင်းနှင့်ပြီ..တာ့တာ..]
ရှီရှန်းက မင်ရည်ရှာဖွေသူကို ဘာမှပြန်ပြောခွင့်မပေးဘဲ လိုင်းပေါ်ကနေချက်ချင်းဆင်းလိုက်တယ်
ကျီယန်က ဗလာဖြစ်နေတဲ့ နယ်မြေနဲ့တစ်ယောက်တည်းကျန်ခဲ့တဲ့ သူ့ရဲ့characterကိုကြည့်လိုက်ပြီး keyboardကို တဗြန်းဗြန်းရိုက်ပစ်လိုက်တယ်
'ဒီမိန်းမကတော့!!!!! ငါတော့ သူ့စိတ်နဲ့တင် အသက်တိုလိမ့်မယ် '
သူက ထိုင်ခုံကနေထလိုက်ပြီး ပြတင်းပေါက်က လိုက်ကာတွေကိုသွားဖယ်လိုက်တယ်
နေရောင်ခြည်က အခန်းထဲကို၀င်ရောက်လာပြီး သူ့ကိုလွှမ်းခြုံသွားတယ်
ကျီယန်က စိတ်အနှောက်အယှက်ဖြစ်သွားပုံပေါ်ပြီး လိုက်ကာကိုပြန်ချလိုက်ကာ ခပ်မှောင်မှောင်အခန်းထဲမှာ စုံချည်ဆန်ချည်လမ်းလျှောက်နေတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.