Unicode
ရှီရှန်းက အိပ်ခန်းထဲ၀င်လိုက်တာနဲ့ အိပ်ရာပေါ်မှာ အခန့်သားလှဲနေတဲ့ ဖူချင်းကိုတွေ့လိုက်ရတယ် အ၀တ်ဗီရိုကိုမြင်မြင်ချင်း သူမရဲ့မျက်နှာက မဲမှောင်သွားတယ်
'ဒုက္ခပဲ...သူက ဒီမှာတကယ်နေတော့မလို့ထင်တယ်...လနနေ ဟိုလူတွေလာရင် သူ့ကိုပါ အ၀တ်ထုတ်ထဲထည့်ပေးလိုက်တော့မယ်..'
ရှီရှန်းက ရေချိုးခန်းထဲမှာအ၀တ်အစားလဲပြီး ဖူချင်းကိုပြောလိုက်တယ်
"ငါ စားစရာတွေဘာတွေ သွား၀ယ်လိုက်အုံးမယ်"
ဂိမ်းဆော့နေတဲ့ကောင်လေးကအိပ်ရာပေါ်ကနေထပြီး ရှီရှန်းနောက်ကိုလိုက်သွားတယ်
"ဒါကဘယ်ကိုလိုက်မလို့လဲ.." ရှီရှန်းက မျက်မှောင်ကြုပ်လိုက်တယ် "အိမ်မှာပဲလိမ်လိမ်မာမာနေပြီးငါပြန်လာတာပိုစောင့်နေစမ်းပါ.."
ဒါပေမယ့်လည်း ဖူချင်းကတော့ ဘာမှမကြားချင်ယောင်ဆောင်ပြီး သူမနောက်ကနေ အရိပ်လိုတကောက်ကောက်လိုက်နေတယ်
ရှီရှန်းက စိတ်ပျက်လက်ပျက်နဲ့ ဗီရိုထဲက အပေါ်ထပ်အင်္ကျီတစ်ထည်ကို လှမ်းပေးလိုက်တယ်
"၀တ်ခဲ့...အပြင်မှာ ရာသီဥတု နည်းနည်းအေးနေတယ်.."
ဖူချင်းကအင်္ကျီကို နာနာခံခံ၀တ်လိုက်ပြီးရှီရှန်းနောက်ကနေလိုက်သွားတယ်
......................
"ဒါမကြိုက်ဘူး.."
"ဒါလည်းမလိုချင်ဘူး...."
"ဒါကြီးလည်းမကြိုက်ဘူး........"
ရှီရှန်းကအံကြိတ်လိုက်တယ်
'နင်ငါ့ကို နှောင့်ယှက်ဖို့လိုက်လာတာလား...'
ရှီရှန်းက ပစ္စည်းအပုံလိုက်ကို တွန်းလှည်းထဲ ပစ်ထည့်လိုက်တယ်
'နင်မကြိုက်ဘူး ဟုတ်လား...အေး..ငါကတော့ အကုန်ယူမှာ...'
ရှီရှန်းရဲ့အပြုအမူကိုအကဲခတ်နေတဲ့ဖူချင်းက ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးစောင့်နေပြီး သူမအာရုံမစိုက်နိုင်တဲ့အချိန်မှာ လှည်းထဲကပစ္စည်းတွေကို သူ့နေရာသူပြန်ထားလိုက်ပြီး သူကြိုက်တဲ့ဟာတွေနဲ့အစားထိုးထားလိုက်တယ်
VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
