Unicode
'ကလေးထိန်းနေရသလိုပဲ'
ရှီရှန်းက ဒီသခင်လေးကိုသေတဲ့အထိကန်ပစ်လိုက်ချင်တယ်"ရေကအရမ်းအေးနေရင်ဒါမှမဟုတ်အရမ်းပူနေသေးရင်မသောက်ချင်ဘူးနော်"
"ပြီးတော့လူအုပ်ထူတဲ့နေရာတွေမှာလည်းလမ်းမလျှောက်ချင်ဘူး"
'...နင်တစ်ခါတည်းကောင်းကင်ဘုံကိုတက်သွားလိုက်ပါတော့လား..'
"ရှောင်ဇီ...,နင်တစ်ခုခုမသောက်ချင်ဘူးလား"
လင်းရင်ကရှီရှန်းကိုရေဘူးတစ်ဘူးကိုင်ပြီးမေးလိုက်ပြီးတော့သစ်ပင်အောက်မှာလဲလျောင်းနေတဲ့သူကိုတစ်ချက်ကြည့်ပြီးအသံကိုနိမ့်ပြီးပြောလိုက်တယ်
"နင်ဘယ်လိုလုပ်ဖူရှောင်းနဲ့သိနေတာလဲ,သူက ပြောမနိုင်ဘူးလို့တောင်ကျော်ကြားထားတာမလား"ရှီရှန်းက ကောင်းကင်ကိုမော့ကြည့်ပြီးပြောတယ်
"ဒါတွေကကံတရားတွေပေါ့,အရင်တုန်းကငါသူများတွေကိုပြဿနာလိုက်ရှာခဲ့သမျှအခုတော့ငါ့ကိုဒုက္ခပေးမဲ့သူပေါ်လာပြီလေ".'ဒါကိုအလှည့်အပြောင်းလို့ပဲခေါ်လိုက်ရမလား'
လင်းရင်ကဖူချင်းကိုကြောက်တယ်
သူမစကားတွေကိုကြားတဲ့အခါမှာဖူချင်းကလှည့်ကြည့်တယ်
လင်းရင်ကကြောက်လို့ရှီရှန်းနောက်မှာရပ်ပြီးပုန်းနေပေမယ့်ဖူချင်းကသူမကိုကြည့်တောင်မကြည့်လိုက်ဘဲရှီရှန်းကိုကြည့်ပြီးအကြည့်ကိုလွှဲလိုက်တယ်"ရှောင်ဇီနင်တကယ်ပဲခရီးတစ်လျှောက်လုံးသူ့ကိုအဖော်ပြုနေမှာလား"
ဖူချင်းကချိန်ကိုက်ဗုံးလိုပဲ...အကယ်၍ငါသာဆိုရင်သူနဲ့တစ်မီလောက်တောင်နီးအောင်မနေနိုင်ဘူး
"အမ်..."
'ငါဒီလမ်းကိုရွေးမိမှတော့တစ်လမ်းလုံးတွားသွားနေရမယ်ဆိုရင်တောင်ဆက်လုပ်ရမှာပဲ ......ပြီးပြီဆိုတာနဲ့..ငါဒီကောင့်ကိုသတ်ပစ်မယ်'
လင်းရင်ကသူမကို'ကံကောင်းပါစေ' ဆိုတဲ့အအိပ္ပါယ်နဲ့တစ်ချက်ကြည့်ပြီးခပ်မြန်မြန်ထွက်သွားတယ်
ကျောင်းသားတွေကနားလိုက်သွားလိုက်နဲ့ခရီးဆက်ကြပြီးနောက်ဆုံးတော့သူတို့ညမရောက်မှီမှာ နားနေဆောင်ဆီကိုရောက်ရှိသွားကြတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.