Unicode
"မလုပ်နဲ့''
ဒီစကားတွေကရှီရှန်းကိုရည်ညွှန်းနေတယ်ရှီရှန်းက ဖုန်းကျင်းနားကိုပျံသွားတယ်
ဟိုအမျိုးသမီးကတော့ ကြားထဲမှာအန်းစုရှိနေတဲ့ကြားကတွန်းထိုးသွားပြီးဖုန်းကျင်းရဲ့ရင်ခွင်ထဲမှာရှိနေတုန်းပဲ,အဲ့ဒါကြောင့်သရဲမကဒီအမျိုးသမီးကိုအန္တရာယ်ပေးတော့မယ်လို့အန်းစုကထင်လိုက်မိတယ်ရှီရှန်းကအန်းစုကိုမျက်လုံးတစ်ချက်လှိမ့်ပြလိုက်တယ်
အန်းစုကရုတ်တရပ်ကြီးစိတ်ရှုပ်သွားတယ်
'ဒီသရဲကိုကြည့်ရတာအခြားသရဲတွေနဲ့လည်းမတူဘူးငါမြင်ဖူးတဲ့သရဲတွေကခြေပျက်လက်ပျက်တွေနဲ့ခက်ခက်ခဲခဲနေနေရတာပါ,သူမကြည့်ရတာတော့အေးအေးဆေးဆေးပါလား..,ချစ်စရာလေးပဲ'သူမတွေးနေတဲ့အချိန်အတွင်းမှာပဲအနောက်ကနေတစ်ယောက်ယောက်တွန်းလိုက်သလိုခံစားလိုက်ရပြီးတော့ဘွန်းဆိုင်းပင်ရဲ့ခြေရင်းနားကိုလဲကျသွားတယ်
ထူးဆန်းတဲ့အမျိုးသမီးကတော့ထွက်ပြေးသွားတာကြောင့်အစေခံတွေကသူမကိုဖမ်းကိုနောက်ကနေအပြေးလိုက်နေရတယ်
ဘဏ္ဍာထိန်းအဖိုးရယ်, ဖုန်းကျင်းရယ်,ရှီရှန်းရယ်,အန်းစုရယ် အခန်းထဲကနေထွက်လာကြတယ်
ဘဏ္ဍာထိန်းအဘိုးက မီးဖိုချောင်ထဲမှာတစ်ယောက်တည်းရပ်နေတယ် သူမျက်နှာကအမူအယာကင်းမဲ့နေကာမှိုင်တွေနေကာစိတ်ပျက်နေတဲ့ပုံစံပေါက်လာပြီးမျက်ရည်တွေစီးကျလာတော့တယ်ဖုန်းကျင်းကစောစောကအမျိုးသမီးထိသွားတဲ့သူ့အင်္ကျီကိုခါပြီးမီးဖိုချောင်ထဲကိုဝင်လာတယ်
"မစ္စတာဖုန်း'' ဘဏ္ဍာထိန်းအဖိုးက သူ၀င်လာတာကိုမြင်တော့မျက်ရည်တွေကိုသုတ်ပြီးတော့ပြောတယ်
''ကျေးဇူးပြုပြီး တော့စိတ်ထဲမထားပါနဲ့,ကျွန်တော်တို့သခင်မရဲ့ရိုင်းပြတဲ့အပြုအမူတွေအစားတောင်းပန်ပါတယ်"ရပါတယ်'' ဖုန်းကျင်းကမီးဖိုချောင်ထဲကိုကြည့်လိုက်တယ်
"ကျွန်တော်အထဲကိုတစ်ချက်ကြည့်ခွင့်ရမလား''"ရပါတယ်,ရတာပေါ့''
ဘဏ္ဍာထိန်းအဖိုးကထပ်ခါထပ်ခါခေါင်းညိတ်တယ်
''အမှန်တိုင်းပြောရမယ်ဆိုရင်,သခင်မဒီလိုမျိုးစိတ်ဖောက်ဖောက်နေတာပထမဦးဆုံးအကြိမ်မဟုတ်ဘူး,သူမကဒီလိုအချိန်ဆိုရင်သရဲမြင်ရတယ်ဆိုတာပဲအမြဲတမ်းပြောနေပြီးတော့ဒီလိုရူးရူးမူးမူးတွေလုပ်တော့တာပဲ''
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.