Unicode
အန်းစုကတံခါးပေါက်ကိုတွန်းဖွင့်ပြီး၀င်လာတယ် အိမ်တစ်အိမ်လုံးအနှံ့ကပ်ထားတဲ့အင်းစာရွက်တွေကိုမြင်တော့သူမလည်းလန့်သွားတယ်
"တစ္ဆေမမ...မစ္စတာဖုန်းကဘာလုပ်ချင်နေတာလဲ..."
'ဘာလို့သူက မမကို ဒီလောက်အင်းစာရွက်တွေအများကြီးသုံးပြီးဖမ်းထားရတာလဲ...'"အဲ့ဒါတွေကိုဖယ်ပစ်လိုက်..."
"အာ..ဟုတ်..ဟုတ်ကဲ့.."
အန်းစုကသူမအနောက်ကတံခါးကိုပိတ်ပြီး နံရံနားကိုသွားလိုက်တယ် ဒါပေမယ့် သူမ အင်းစာရွက်တစ်ရွက်ကိုထိလိုက်တာနဲ့ အရမ်းနာလွန်းလို့ လက်ကိုတန်းပြီးရုတ်လိုက်မိတယ် ဒါပေမယ့် သူမက နာကျင်မှုကိုတောင့်ခံပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက်တယ် အင်းစာရွက်တွေအကုန်လုံးကိုဖယ်ပြီးတဲ့အချိန်မှာ သူမရဲ့လက်ကသွေးချင်းချင်းနီနေပြီ.."ဖယ်လို့ပြီးသွားပြီ..မမ" အန်းစုကသူမရဲ့လက်ကိုကျောနောက်မှဖွက်ထားတယ်
"ငတုံးမလေး.." ရှီရှန်းကသူမဆီပျံလာတယ် " ငါ့ကို နင့်လက်ပြ.."
"အာ...ရပါတယ်..အဲ့ဒါကသိပ်မဆိုးပါဘူး.." အန်းစုက မျက်နှာနီနီနဲ့ တွန့်ဆုတ်စွာပြောလိုက်တယ်
ရှီရှန်းက နည်းနည်းလောက်ဆူငေါက်ပေးလိုက်မှပဲ အန်းစုကသူမလက်ကိုထုတ်ပြတယ် ရှီရှန်းကသူမလက်ကိုထိလိုက်တာနဲ့တစ်ပြိုင်နက် အေးမြပြီးသက်တောင့်သက်သာရှိတဲ့ခံစားချက်ကို ခံစားလိုက်ရတယ် ဒဏ်ရာတွေကသူမရဲ့မျက်စိရှေ့မှာပဲသက်သာလာတယ်
"အခုတော့ဒီလောက်ပဲ..ငါ့ရဲ့စွမ်းအားတွေကိုချွေတာထားရအုံးမယ်..အဲ့ဒါမှ တစ်ယောက်ယောက်နဲ့တိုက်ခိုက်ရရင် မရှုံးမှာ.." ရှီရှန်းက ဒဏ်ရာတွေပျောက်ကင်းနေပြီဖြစ်တဲ့အန်းစုရဲ့လက်ကိုလွှတ်ပေးလိုက်တယ် အမာရွတ်လေးတွေတော့ရှိနေသေးပေမယ့် မနာတော့ဘူးလေ.
အန်းစုကအံ့အားသင့်သွားတယ်
'သရဲတွေကဒီလိုလုပ်လို့ရတယ်ပေါ့...'ရှီရှန်းက သာမန်သရဲတစ္ဆေတွေနဲ့ ကျင့်ကြံသူတစ္ဆေတွေကြားကခြားနားချက်ကိုရှင်းပြရမှာပျင်းလွန်းလို့ မသိချင်ယောင်ဆောင်ပြီးအပြင်ကိုထွက်ခဲ့လိုက်တယ်
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.