Unicode
ရှီရှန်းကထွက်သွားဖို့လုပ်နေတုန်းမှာပဲ Systemရဲ့သတိပေးသံကထွက်လာပြန်တယ်
[ကွင်းဆက်တာ၀န် 2 : ဖူချင်း ကိုဆေးရုံပို့ပါ]
ရှီရှန်း "......"'ဒီတာ၀န်က နင်ရုတ်တရပ်စိတ်ကူးပေါက်ပြီးပေးလိုက်တာ မဟုတ်ဖူးဆိုတာသေချာရဲ့လား ! ? ငါ့ဆုံးဖြတ်ချက်ကိုတကယ်ပဲ နောင်တရလာပြီ ကွင်းဆက်တာ၀န်ကိုဘာလို့ရွေးပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိပါလိမ့်ဟာ...
ထင်ထားတဲ့အတိုင်းပဲ ကျက်သရေတုံးsystemရဲ့ကောက်ကျစ်တဲ့ထောင်ချောက်တွေက အချိန်မရွေးပေါ်လာနိုင်တာပဲ....'အလကားနေရင်းအပြစ်တင်ခံလိုက်ရသော သနားစရာsystem "............."
'ငါလေးက တကယ်ပဲအပြစ်ကင်းပါတယ်နော် ၀ူး၀ူး.... hostကမတရားဘူး'................
အမှန်အတိုင်းပြောရမယ်ဆိုရင် final boss villainကြီးကို ဒီလောက်ထိ အားနည်းလိမ့်မယ်လို့ထင်မထားဘူး
'သူက villainဆိုတာ နင်သေချာရဲ့လား..သူက..သူက..ဒီတိုင်းး....နူးညံ့တဲ့အမျိုးသမီးဇာတ်ကောင်လေး...မဟုတ်ဖူးလား..'ရှီရှန်းက ကုတင်ဘေးမှထိုင်ချပြီး လှဲနေတဲ့သူကိုမေးထောက်ကြည့်နေလိုက်တယ်
ဖူချင်းက ဆယ်ကျော်သက်အရွယ်ပဲရှိနေသေးတဲ့အတွက် ချူးထန်၊လုချင်းယွင်နဲ့ ချန်လိတို့လို အရွယ်ရောက်ပြီးအမျိုးသားတွေနဲ့ယှဥ်ရင် သူ့အသွင်အပြင်ကမထင်မရှားပဲရှိသေးတယ်
( TN/ချန်လိက Arc 4မှာပါတဲ့ ရှီရှန်းရဲ့တွဲဖက်ပါ)
'ဒါပေမယ့် သူ့ပုံစံက သေတော့မယ့်လူလိုပဲ...သေမင်းရဲ့အငွေ့အသက်က အရမ်းကိုပြင်းထန်နေလွန်းတယ်'
ဖူချင်းနိုးလာတဲ့အချိန်မှာ ရှီရှန်းက ပြတင်းပေါက်နားမှာရပ်ပြီးဖုန်းပြောနေတယ်
သူမရဲ့ သာယာနာပျော်ဖွယ်အသံလေးက ကြားရသူကို ကျေနပ်စေတယ်
စကားပြောတဲ့ပုံစံကလည်း အရမ်းကိုချိုသာ.....ဟင်...နေပါအုံး...wait a minute!!!!!..."...သူလား...ခုထိမနိုးသေးဘူးလေ...ဒီနေ့နိုးလာမယ်လို့လည်းကျွန်မတော့မထင်ပါဘူး...ဟမ်...ဘာလဲ...ကျွန်မက ဒီတိုင်းဖြတ်သွားဖြတ်လာတစ်ယောက်ပဲ...ခနလောက် စေတနာ့၀န်ထမ်းလုပ်ပြီး သူ့ကိုဆေးရုံပို့ပေးလိုက်ရုံပဲ....အော် အဲ့ဒီလိုလား...ရတယ်..အဆင်ပြေတယ်လေ...သူ့ကိုစောင့်ရှောက်ပေးရုံပဲမလား...ကျွန်မကိုပိုက်ဆံတော့ပေးရမယ်နော်...ဒါပေါ့...စောက်ရမ်းအဆင်ပြေတယ်...ဟဲဟဲ...စိတ်ချပါ...ကျွန်မသူ့ကိုသေသေချာချာဂရုစိုက်လိုက်ပါ့မယ်..."
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.