Unicode
မီနိုင်းရဲ့မိသားစုက ဗန်ပိုင်းယားတွေနဲ့ဗန်ပိုင်းယားမုဆိုးတွေ ငြိမ်းချမ်းရေးမဆွေးနွေးခင် ဖြစ်တဲ့တိုက်ပွဲမှာသေ သွားကြပြီ အသက်ငယ်ငယ်လေးပဲရှိသေးတဲ့မီနိုင်းတစ်ယောက်ပဲကျန်ခဲ့တယ်
ခနအကြာမှာမင်းသားခဲ့အာကသူမကိုမွေးစားလိုက်တယ် မင်းသားခဲ့အာနဲ့သူ့ရဲ့မိသားစုကမီနိုင်းပေါ်မှာအရမ်းသဘောကောင်းကြတယ် အဲ့တာကြောင့်မီနိုင်းကိုယ်တိုင်လည်းသူတို့ကိုလေးစားတယ် သူမသူတို့နဲ့ ဝင်မဆံ့ဘူးလို့ခံစားနေရလို့သာအိမ်ကခွာပြီးလူတွေနဲ့ရောနေခဲ့တာဖြစ်တယ်
ခဲ့အာက မီနိုင်းBHAနဲ့ဖြစ်တဲ့ကိစ္စကိုမသိခဲ့ဘူး
မဟုတ်ရင်သူ့သမီးကိုဒီလိုမျိုးရက်ရက်စက်စက်သေခွင့်ပြုမှာမဟုတ်ဘူးရှီရှန်း ကခါးကိုမတ်ပြီးမီနိုင်းနဲ့သူ့မိသားစုရဲ့မှတ်ညဏ်တွေကိုပြန်တွေးနေတယ်
ဒါပေမဲ့လေးလံတဲ့တံခါးကရုတ်တရပ်ပွင့်လာပြီးအရပ်ရှည်ရှည်နဲ့ပုံရိပ်တစ်ခုဝင်လာတယ်
"ကိုယ့်ရဲ့မင်းသမီးလေး, ဒီက ကိုကိုကြီးကိုလာဖက်ပါဦး"
ရှီရှန်း ကဘေးကိုရှောင်လိုက်တာကြောင့်ရွေ့ရီက ဆိုဖာနဲ့ပြေးတိုက်မိတယ်
သူ့မျက်နှာကိုဆိုဖာပေါ်ကနေဖယ်ပြီးတော့သနားစရာကောင်းတဲ့မျက်ဝန်းတွေနဲ့ရှီရှန်းကိုကြည့်လိုက်တယ်
"မင်းသမီးလေး, ကိုကိုကြီးတို့မတွေ့ရတာအရမ်းကြာနေပြီနော်,ကိုကိုကြီးကို မလွမ်းဘူးလား? ဟင့်..ခံစားရတယ်,ကိုကိုကြီးအသက်တောင်မရှူနိုင်တော့ဘူး, မင်းသမီးလေးက မွှေးမွှေး ပေးမှကိုကိုကြီးအဆင်ပြေမှာနော်"ရှီရှန်း ကရွေ့ရီကိုကြောင်ပြီးကြည့်နေတယ်
'ဒီလူကရွေ့ရီပဲနေမယ်'
ခဲ့အာရဲ့အကြီးဆုံးသားဖြစ်ပြီးသူကမီနိုင်းကြီးပြင်းလာတာကိုကြည့်ခဲ့ရတာ သူ့ရဲ့အချိန်အများစုကိုမီနိုင်းကိုအဝတ်အစားတွေဆင်ပေးရင်းနဲ့ကုန်ဆုံးခဲ့တယ်
သူမအရွယ်ရောက်လာတဲ့အထိကို ရွေ့ရီကသူမအတွက်အဝတ်အစားတွေဆင်ပေးတုန်းပဲ
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.