Unicode
ရှီရှန်းထွက်သွားတဲ့အချိန်မှာပုကျင်းယွင်လည်းပျောက်သွားတယ်သူမကသူကိုလိုက်ရှာနေပြီးခနလောက်အကြာမှာမှရေကန်နားမှာပြန်တွေ့တယ်
ဒါပေမဲ့......
'ဟမ်, ချင်လန်ယွဲ့က ဒီနေရာမှာဘာတွေလုပ်နေတာလဲ, သူတို့နှစ်ယောက်ကဘယ်လိုလုပ်ပြီးဆုံတွေ့သွားကြတာတုန်း'
"သခင်လေး, ကူညီပေးလို့ကျေးဇူးတင်ပါတယ်''ချင်လန်ယွဲ့ရဲ့တစ်ကိုယ်လုံးကစိုရွှဲနေပြီးတော့တုန်ရီနေတယ်..လေအေးတစ်ချက်တိုက်ခိုက်သွားတဲ့အခါမှာ သူမတစ်ကိုယ်လုံးယိုင်သွားပြီးတော့တုန်ရီနေတဲ့အသံနဲ့ပြောလိုက်တယ် ''သခင်လေးရဲ့နာမည်ကိုသိခွင့်ရမလား, အဲ့ဒါမှကျွန်မကျေးဇူးပြန်ဆပ်နိုင်မှာမို့လို့ပါ''
ပုကျင်းယွင်ရဲ့မျက်လုံးထဲမှာစိတ်မရှည်မှုတွေပေါ်လာပြီးတော့ထွက်သွားတော့မယ့်အချိန်မှာချင်လန်ယွဲ့ကသူ့ဘက်ကိုယိုင်လဲသွားတယ်
"ဟေး...., ချီးပဲ'' ရပ်ကြည့်နေတဲ့ရှီရှန်းကဒေါသတွေထွက်လာတယ်,'ဇာတ်လိုက်မရေ,နင်ကကောင်းကင်ဘုံကိုများတက်ချင်နေတာလား,နင့်ရဲ့ဇာတ်လိုက်ကောင်ကြီးတစ်ယောက်လုံးစောင့်နေတုန်းပဲလေ,ဘာကိစ္စငါ့ဗီလိန်ကိုလာပြီးတော့ မြူဆွယ်နေတာတုန်း'
ရှီရှန်းကအပြေးဝင်လာပြီးတောပုကျင်းယွင်ဘက်ကိုလဲကျတော့မယ့်ချင်လန်ယွဲ့ကိုဖမ်းဆွဲလိုက်တယ်
''ချင်လန်ယွဲ့ရယ်,နည်းနည်းပါးပါးလေး သိက္ခာရှိစမ်းပါ, ဘာကိစ္စငါ့အနာဂတ်ခင်ပွန်းလောင်းရဲ့ရင်ခွင်ထဲဝင်ချင်နေတာလဲ''အနာဂတ်ခင်ပွန်းလောင်းပုကျင်းယွင်''.....''
'ငါဒီအရှက်မရှိတဲ့မိန်းမကိုမသိဘူးနော်, ဟမ့်...'ချင်လန်ယွဲ့ကမျက်လုံးတွေကမဲမှောင်သွားပြီးတော့သူ့လက်ကိုရှီရှန်းဆီကနေပြန်ဆွဲယူလိုက်တယ်
''ငါကစောစောက ဟန်ချက်ပျက်သွားရုံပဲ,အဲ့ထက်မပိုဘူး'''ငါကဒီလိုမျိုးအသုံးမကျတဲ့ကောင်ဆီမှာများလဲကျချင်တယ်ထင်နေလား,သူ့မှာမျက်နှာလေးကြည့်ကောင်းတာကလွဲပြီးဘာမှမရှိဘူး,ရှန့်ယောင်ကွမ်း ကသူ့ကိုရတနာလိုတန်ဖိုးထားနေလောက်အောင်ပဲတုံးနေတာလား'
VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.