Unicode
Systemကြေညာချက်
လီရှို့သည် ဇနီးဖြစ်သူ စန်းယွီနောက်မကျပါ အတွက်Beautiful landတစ်ခု ထွန်းညှိပေးပါသည်
ဇနီးမောင်နှံနှစ်ဦး ကောင်းချီးရကြပါစေကောင်းကင်က ရုတ်တရပ်မှောင်သွားပြီး အိပ်မက်သိုလှောင်ခြင်းတောင်ထိပ်က မီးရှူးပန်း ခပ်ဖျောက်ဖျောက်ကိုသာ တစ်ချက်တစ်ချက်လှမ်းမြင်နေရတယ် မကြာခင်မှာကောင်းကင်ကို လှပတဲ့ ကြယ်စုေ၀းကြီးကဖုံးအုပ်သွားပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင်လှပလွန်းတယ်
မြင်ကွင်းက ၁မိနစ်လောက်ကြာပြီး နောက်ဆုံး၁၀စက္ကန့်မှာ "စန်းယွီနောက်မကျပါ" ရဲ့နာမည်ကိုပုံဖော်တဲ့ မီးရှူးမီးပန်းတွေ တွေပေါ်လာတယ်ရှီရှန်းကမေးစေ့ကိုပွတ်လိုက်တယ်
'ဟေး...ဈေးကြီးတဲ့ပစ္စည်းကတကယ်မိုက်တာပဲ..'
ဒါပေမယ့် မင်ရည်ရှာဖွေသူဆိုတဲ့ငနဲလေးအတွက် ဒီလောက်မိုက်တဲ့ပစ္စည်းကိုသုံးရမယ်ဆိုတာကတော့ လုံး၀မဖြစ်နိုင်တဲ့ကိစ္စပဲ
'အိပ်မက်ထဲမှာပဲရမယ်..မဟုတ်ဘူး...အိပ်မက်ထဲမှာတောင် ၀ယ်မပေးနိုင်ဘူး..'World chatထဲတွင်..
စန်းယွီနောက်မကျပါ : [ ကျေးဇူးပါ တာ့ရှန်း]
လီရှို့ : [ ကိုယ့်ကိုယောက်ျား လို့ခေါ် ]
iF@q : [ ငါက တစ်သက်လုံး လူပျိုကြီးလုပ်မယ်လို့ဆုံးဖြတ်ထားတာ..ဒါပေမယ့် ငါလည်း ရိုချင်သေးတယ်လေ..မိန်းမတစ်ယောက်လောက်ရှာပေးကြပါ..]
ငါကပွဲကြည့်ပရိသတ်ပါ :[ တူတူဂေးကြမလား ]
iF@q : [သွားစမ်း!! ငါက မိန်းကလေးပဲလိုချင်တာ..]
မိုင်တစ်ထောင်တေးဂီတ : [ ယောက်ျား..]
စန်းယွီနောက်မကျပါ : [ ယောက်ျား..]
ရှီရှန်း နဲ့စန်းယွီရဲ့ စာက တစ်ချိန်ထဲ သွားပေါ်တယ် ရုတ်တရပ်ကြီးworld chatထဲမှာ ထူးဆန်းတဲ့တိတ်ဆိတ်မှုကကြီးစိုးသွားပြီး၃စက္ကန့်လောက်အကြာမှာတော့ world chatကြီးက အရင်လိုပြန်ဆူညံသွားပြန်ပြီ
ငါ့ပေါင်ကြားကိုဖြတ်တိုက်သွားတဲ့လေကယားကျိကျိနဲ့ : [ တေးဂီတက လီရှို့တာ့ရှန်းတို့ ဇနီးမောင်နှံနဲ့ရန်ငြှိုးရှိတယ်ဆိုတာ ငါသိပါတယ် .....ဒါပေမယ့် အခုလိုပြောတာကြီးကတော့ နဲနဲ...]
![](https://img.wattpad.com/cover/265773746-288-k515335.jpg)
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.