Arc 10.28

3.6K 505 29
                                        

Unicode

လင်းရှန်းကရှီရှန်းက သူမရဲ့ သခင်အကြောင်းမေးတော့မှာလို့ထင်နေတုန်းမှာပဲ...

"မင်း မတ်တပ်သေချင်လား..လှဲရက်သေချင်လား.."

လင်းရှန်း "...." 'ငါ့သခင်ကဘယ်သူလဲ ဆိုတာ မမေးတော့ဘူးလား..'

ခန်းမထဲကသူတွေကလည်း ကြောင်ကုန်ကြတယ်

'သူမလိုဘာလို့ ဟန်ဆောင်တာလဲ ဆိုတာမျိုး မေးသင့်တာမဟုတ်ဘူးလား..'

"မင်းအတွက် စဉ်းစားချိန်၃စက္ကန့်ပေးမယ်.."

လင်းရှန်းက တုန်ရီနေတယ် 'ငါမသေချင်ဘူး..သခင် ကျေးဇူးပြုပြီး မြန်မြန်လေး လာကယ်ပါအုံး..'

"၃..." ရှီရှန်းက အေးစက်စွာပြုံးပြီး သူမလက်ကိုမြှောက်လိုက်တဲ့ ခနမှာပဲ လင်းရှန်းရဲ့ နှလုံးထဲကို အေးစက်တဲ့ သံမဏိဓါးသွားက စိုက်ဝင်သွားတော့တယ်

လင်းရှန်းရဲ့ မျက်လုံးတွေက ပြူးကျယ်နေတယ် 'ပြောတော့ ၃စက္ကန့်ဆို..ကျန်တဲ့၂စက္ကန့်က နင်စားပစ်လိုက်တာလား..အာ့..ဘာလို့ အဲ့လောက်တောင် နာရတာလဲ..'

ဗန်ပိုင်းယားတွေက မသေမျိုးတွေဖြစ်တာကြောင့် တော်ရုံလက်နက်နဲ့ သူတို့ကိုမသတ်နိုင်ဘူး..လင်းရှန်းကတော့ သေခြင်းတရားနဲ့ လက်တစ်ကမ်းအလိုမှာရောက်နေမှန်း သူမကိုယ်သူမ ခံစားမိတယ်

'အေးလိုက်တာ..'

လင်းရှန်းအမှုန့်အဖြစ်ပြောင်းသွားတဲ့ အချိန်မှပဲ တုကြွယ်က တုန့်ပြန်ဖို့ သတိရတော့တယ် ဘယ်သူကမှ ရှီရှန်းအဲ့လောက်ထိ လက်မြန်ခြေမြန်ရှိလိမ့်မယ် လို့ ထင်မထားကြဘူး..

"မီနိုင်း..မင်းသူ့ကိုဘာလို့သတ်လိုက်တာလဲ..သူမင်းလိုဟန်ဆောင်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုတောင် မမေးဘူး..ဘာလို့လဲ..မင်းမှာ စိတ်မလုံစရာတစ်ခုခု ရှိနေလို့ သူမကို အမြန်သတ်ပစ်လိုက်တာလား.."

ရှီရှန်းက သူမဓါးကသွေးတွေကို သုတ်နေတယ် "ဘာကိုစိတ်မလုံရမှာလဲ.."

တုကြွယ်"..." 'မင်း ဘာကို စိတ်မလုံနေမှန်း ဘယ်သူကသိမှာလဲ..'

"ပြီးတော့..ကျွန်မက သူ့ရဲ့ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားပဲ..ဘာလို့မသတ်ရမှာလဲ.." ရှီရှန်းက ခနနားပြီး ဆက်ပြောလိုက်တယ် "မစ္စတာတုလည်း သူမနောက်ကို လိုက်သွားချင်လို့လား...အဲ့လိုဆိုရင်တော့ ကျွန်မအတွက် ဝန်လေးတဲ့ ကိစ္စမဟုတ်ပါဘူး.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Où les histoires vivent. Découvrez maintenant