Unicode
အဲ့ဒီနေ့အခြေအနေပြီးကတည်းက ပေ့ကျဲ့လည်း သူမမြင်ကွင်းကနေအချိန်အတော်ကြာပျောက်သွားပြီး ရှောင်းယန်တောင် ကိုသွားမယ့် နေ့ ရောက်မှပြန်ပေါ်လာတယ်
ရှီရှန်းက ဘတ်စ်ကားနားမှာစောင့်နေရင်း ဖူချင်းဆီဖုန်းခေါ်လိုက်တယ် ဖုန်းကခနလောက်အကြာမှာ၀င်သွားပြီး တစ်ဖက်လူက ဖုန်းကိုကိုင်ပြီးမှ ပါ၀ါပိတ်သွားတယ်...
ရှီရှန်း "..........."
'ငါသူ့ကိုသွားသတ်လိုက်တာပဲကောင်းမလား...သူ့ဆန္ဒကိုမြန်မြန်ဖြည့်ဆည်းပေးရာကျတာပေါ့...'
ရှီရှန်းကသက်တော်စောင့်ရဲ့ဖုန်းကိုပြောင်းဆက်လိုက်တယ်
"ဖူချင်းဘယ်မှာလဲ..သူပြောတော့သေချင်တယ်ဆို....အခုချက်ချင်းလာခဲ့လို့ပြောလိုက်""မမလေး...ခင်ဗျား သခင်လေးကိုဘယ်ခေါ်သွားမလို့လဲ.."
ဖုန်းကိုင်တဲ့သူက ဦးလေးကျန်းဖြစ်တယ် ရှီရှန်းကခနလောက်ကြောင်သွားပြီးဖုန်းနံပါတ်ကိုပြန်စစ်လိုက်တယ်
'သက်တော်စောင့်ရဲ့ဖုန်းဟုတ်ပါတယ်..သူကဘာကိစ္စဖုန်းကိုင်ရတာလဲ'"ရှောင်းယန်တောင်ကိုလေ..."
ရှီရှန်းကပြန်ဖြေလိုက်တယ်"ဘာအတွက်များပါလိမ့်..."
"ကြယ်တွေစုံတဲ့ကောင်းကင်ကြီးကိုကြည့်ပြီး ဘ၀အကြောင်းဆွေးနွေးဖို့လေ..."
ရှီရှန်းက စိတ်မရှည်တော့တဲ့အတွက် ရွဲ့ပြီးဖြေလိုက်တယ်အချိန်အတော်ကြာတဲ့အထိဦးလေးကျန်းဘက်ကဘာစကားမှမကြားရဘဲ ဖူချင်းရဲ့အသံကိုသာကြားလိုက်ရတယ်
သူကစကားလုံးလေး၃လုံးပဲပြောတယ်
"ကျောင်းဂိတ်၀.."'ချီးပဲ....'
ရှီရှန်းက ဖုန်းကို အိတ်ထဲပြန်ထည့်ပြီးဆရာမဆီအကြောင်းသွားကြားလိုက်ရတယ်
ဘတ်စ်ကားက ကျောင်းဂိတ်ပိုရောက်တဲ့အခါမှာ ခနရပ်ပေးတယ်ဘတ်စ်ကားက ကျောင်းဂိတ်၀မှာ ဖြည်းဖြည်းချင်းထိုးရပ်သွားပြီးရှီရှန်းကလည်းအရှေ့ဆုံးခုံကနေထသွားတာကြောင့် ကျောင်းသားတွေလည်း ကြောင်သွားတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.