Unicode
"ရှင့်ကိုကြိုက်လို့...." ရှီရှန်းရဲ့စကားသံက တိတ်ဆိတ်နေတဲ့လမ်းကြားထဲမှာ ရှင်းရှင်းလင်းလင်းကြီးပဲ့တင်ထပ်နေလေရဲ့
"ကိုယ့်ကိုကြိုက်တယ်တဲ့လား..." ရှီရင်းရဲ့ စကားသံထဲမှာလှောင်ပြောင်လိုရိပ်တို့ ထင်ဟပ်နေတယ်
"ဒါဆိုရင်မင်းက မင်းခန္ဓာကိုယ်ကို ကိုယ့်ဆီလာဆက်သတာမျိုးလား..."
ရှီရှန်း "........"
'ဘာကြီးကိုဆက်သတာ...'
ရှီရင်းကအမှောင်ရိပ်ထဲကနေထွက်လာပြီး ရှီရှန်းဆီဖြည်းဖြည်းချင်းလျှောက်လာတယ် သူကစကားဆက်မပြောခင် ရှီရှန်းကိုခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်သေးလေရဲ့
" မင်းရဲ့ရုပ်ရည်လေးနဲ့ဆိုရင်တော့ ကိုယ့်ဆီကို မင်းကိုယ်မင်းဆက်သခွင့်ပြုနိုင်ပါတယ်....."
ရှီရှန်း "........" 'ဘယ်လို.....'
ရှီရင်းက ရှီရှန်းရဲ့ပုခုံးကိုရုတ်တရပ်လှမ်းဆွဲလိုက်တယ် သူ့ရဲ့မျက်စိသူငယ်အိမ်တွေက ရွှေရောင်ပြောင်းသွားပြီး လက်သည်းတွေလည်းရှည်ထွက်လာတယ်
'အိုး...ဖာချ့..'
ရှီရှန်းရဲ့ခေါင်းထဲမှာ အရေးပေါ်အချက်ပေးခေါင်းလောင်းမြည်သံတွေပေါ်လာတော့တယ် သူမက ဓါးကိုအမြန်ဆွဲထုတ်လိုက်ပြီး ရှီရင်းရဲ့မျက်နှာကိုလှမ်းချိန်လိုက်တယ် ဒါပေမယ့် ရှီရင်းကသူ့ဆီကိုဓါးမရောက်ခင်မှာကတည်းက ဘေးကို ခုန်ရှောင်သွားလို့ ရှီရှန်းနဲ့အတော်လှမ်းလှမ်းကိုတောင်ရောက်သွားပြီ
'ဒီခွေးမသားလေးက ငါ့သွေးကိုသောက်ချင်နေတာပဲ...'
ဗန်ပိုင်းယားတွေက မျိုးတူသွေးကိုသောက်ရတဲ့အခြေအနေ၂မျိုးပဲရှိတယ်
မိတ်ဖက်အဖြစ်သတ်မှတ်ဖို့နဲ့ တစ်ဖက်လူရဲ့စွမ်းအားတွေကိုလုယူဖို့
'အခုမှတွေ့တဲ့သူနဲ့တော့ မိတ်ဖက်ချင်မှာမဟုတ်ဖူးလေ...ဒီကောင် ငါ့စွမ်းအားတွေကိုလုယူချင်နေတာပဲ......'
"ဟက်..... မင်းကိုယ်မင်းမဆက်သချင်ဘူးဆိုရင်လည်း ကိုယ့်နောက်ကနေဆက်မလိုက်နဲ့တော့..."
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
