Unicode
ကျင်းရှောင်ယွီနဲ့ပေ့ကျဲ့တို့သံယောဇဥ်တွေနှောင်ဖွဲ့နေကြတုန်းမှာပဲ ရှီရှန်းလည်းအခြားလုပ်စရာတစ်ခုအတွက်အပြင်ထွက်သွားတယ်
ကျင်းရှောင်ယွီငယ်ငယ်ကတည်းက အမေဖြစ်သူသေသွားတာကြောင့် အဖေနဲ့ပဲတူတူနေခဲ့ရတယ် ဒါပေမယ့် သူကလည်းအမြဲတမ်းနီးပါးအလုပ်ရှုပ်နေတာကြောင့် ကျင်းရှောင်ယွီကို သိပ်ဂရုမစိုက်နိုင်ဘူး ပြီးတော့ သူမကအမေဖြစ်သူရဲ့သေဆုံးမှုကြောင့် အဖေ့အပေါ် အနည်းငယ်စိမ်းကားနေတဲ့အတွက် သူတို့၂ယောက်ရဲ့ဆက်ဆံရေးက သိပ်မခိုင်မာဘူး
ကျင်းရှောင်ယွီရဲ့အဖေက ထီလက်မှတ်တွေ၀ယ်ရတာကိုသဘောကျတယ်
တစ်နေ့မှာတော့ သူ့အလုပ်ကအပြန် ထီလက်မှတ်တစ်စောင်ကို၀င်၀ယ်လို့အပြီးပြန်အထွက်မှာ ကလေးမလေးတစ်ယောက်နဲ့တိုက်မိသွားတာကြောင့် သေချာကိုင်မထားမိတဲ့ထီလက်မှတ်ကအောက်ကိုပြုတ်ကျသွားတယ်"နင် မျက်လုံးကန်းနေလား!!!!..လူတစ်ယောက်လုံးလာနေတာကိုဘာကိစ္စမမြင်နိုင်ရတာလဲ" လူကြီးမင်းကျင်းက ဆူငေါက်လိုက်တယ်
"တောင်းပန်ပါတယ်...တောင်းပန်ပါတယ် "
ကလေးမလေးက ပြုတ်ကျသွားတဲ့ထီလက်မှတ်ကို အမြန်ကောက်ပေးလိုက်တယ်"နောက်တစ်ကြိမ်အပြင်ထွက်ရင် သေချာကြည့်ပြီးသွား!!"
လူကြီးမင်းကျင်းက လက်မှတ်ကိုအကြမ်းပတမ်းဆွဲယူလိုက်တယ်
"အခုခေတ်ကလေးတွေများ လုပ်လိုက်ရင် ကပျက်ကချော်နဲ့""တောင်းပန်ပါတယ်..နောက်တစ်ခါမဖြစ်စေရပါဘူး"
ကလေးမလေးက ထပ်ခါထပ်ခါတောင်းပန်ပြီထွက်သွားတယ်ခပ်လှမ်းလှမ်းကိုရောက်သွားတဲ့အခါမှာတော့ ကလေးမလေးက ကော်ဖီဆိုင်လေးတစ်ဆိုင်ထဲကို၀င်သွားပြီး မျက်နှာအမူအရာလုံး၀မပြောင်းလဲသွားတဲ့ခပ်ငယ်ငယ်မိန်းမလှလေးတစ်ယောက်ရှေ့မှာထိုင်ချလိုက်တယ်
သေချာတာပေါ့ အဲ့ဒီမိန်းမလှလေးက ရှီရှန်းလေ
"ဒီမှာ.."
ကလေးမက ထီလက်မှတ်တစ်ခုကို ရှီရှန်းဆီပေးလိုက်တယ်
"ငွေရော..?"
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.