Unicode
သူမွေးထားတဲ့သရဲက ရက်အတော်ကြာပျောက်နေတာကို ဖုန်းကျင်းကသတိထားမိတယ် သူမ ဘယ်သွားပြီး ဘာတွေလုပ်နေမှန်း သူလုံး၀မသိဘူး..
ရှီရှန်းဘာတွေလုပ်နေတာလဲ?
သူမက ဖုန်းကျင်းနဲ့ချုပ်ဆိုထားတဲ့သွေးစာချုပ်ကိုပယ်ဖျက်ဖို့ ဒါ့မှမဟုတ် အဲ့ဒီစာချုပ်ကိုပြောင်းပြန်လှန်ဖို့ နည်းလမ်းရှာနေတာလေ..
သေချာတာပေါ့..သူမက ဒုတိယတစ်ခုကိုပိုသဘောကျတယ်..ဒါပေမယ့်သူမမှာ ဘာနည်းလမ်းမှမရှိတဲ့အတွက် ပထမတစ်နည်းကိုပဲ ရွေးချယ်လိုက်ရတယ်ဖုန်းကျင်း သူ့အခန်းထဲကထွက်လာလာချင်း ဧည့်ခန်းထဲမှာဟိုပျံဒီပျံလုပ်နေတဲ့ ရှီရှန်းကိုတွေ့လိုက်ရတယ် ဒါကညအချိန်ဖြစ်ပြီး သူ့နေရာမှာအခြားသူသာဆိုရင် လန့်လွန်းလို့သေးထွက်ကျလိမ့်မယ်..
ဖုန်းကျင်းထွက်လာတာနဲ့ရှီရှန်းကသူ့ဆီကိုသွားတယ်
"ကျွန်မအတွက် အ၀တ်အစားအချို့မီးရှို့ပေးစမ်းပါ..အား....ဒီအင်္ကျီကိုပဲနေ့တိုင်း၀တ်နေရတာ..ရုပ်ဆိုးလွန်းလို့.."ဖုန်းကျင်း"...."
'သူမ တကယ်ကို ငါ့ကို အပြင်လူလိုမဆက်ဆံတာပဲ...အင်း..အပြင် သရဲ လို့ပြောရမလား..'"လုပ်စမ်းပါ..ကျွန်မကရှင်မွေးထားတဲ့သရဲလေ...ကျွန်မကိုရုပ်ဆိုးအောင်ဆင်ထားတော့ရှင့်ကိုမျက်နှာပျက်စေတာပေါ့.."
ရှီရှန်းက ဆက်တိုက်ပြောနေတာကြောင့် ဖုန်းကျင်းကသူမရဲ့ပါးစပ်ကိုအပ်နဲ့ချုပ်ပစ်ချင်စိတ်ပေါက်လာတယ်'တိတ်တ်ိတ်ဆိတ်ဆိတ်သရဲလေးပဲပြန်လုပ်နေလို့မရဘူးလား..'
ဖုန်းကျင်းရဲ့မျက်နှာကတဖြည်းဖြည်းဆူပုပ်လာပြီး သူမကိုလည်းဘာမှပြန်မပြောတာကိုတွေ့တော့ ရှီရှန်းက အ၀တ်အစားအသစ်ပူဆာတာကို ခနလောက်လက်လျှော့ထားလိုက်ပြီး သူ့ကိုထိဖို့ထပ်ကြိုးစားတယ်
တူညီတဲ့ကြိုးပမ်းမှုက တူညီတဲ့ရလဒ်ကိုပဲပေးတယ်
ရှီရှန်းက နာကျင်သွားရတဲ့လက်ချောင်းလေးတွေကိုနှိပ်နယ်ရင်း ပြတင်းပေါက်ကနေပျံထွက်သွားတယ်
'ငါတော့ သူ့ကြောင့်ဒေါသထွက်ရလွန်းလို့ နောက်တစ်ကြိမ်ထပ်သေရတော့မယ်.. အ၀တ်အစားအသစ်တွေမရဘူး...အသားလည်းမစားရဘူး..သူ့ကိုလည်းထိလို့မရဘူး..ဟင်း..ငါအိမ်ကနေထွက်ပြေးတော့မယ်..'
VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.