Unicode
ရှီရှန်းရဲ့အသံကလူအုပ်ရဲ့နားထဲကိုရောက်သွားတယ်,ဝိညာဥ်စွမ်းအင်ကိုအသုံးပြုထားတဲ့လူတွေကမကြာမီမှာပဲပါးစပ်ထဲကအမြှုပ်တွေထွက်လာတယ်အဲဒါကိုမြင်တော့လူတွေကဝိညာဥ်စွမ်းအင်ထုတ်သုံးဖို့ကိုရပ်လိုက်ကြတယ်ထုတ်သုံးမိလိုက်တဲ့သူတွေကြတော့နောက်ဆုံးအသက်တစ်ချက်ရှူပြီးအသက်ထွက်သွားကြတယ်
"ရှန့်ယောင်ကွမ်း! !ငါတို့လူတွေအားလုံးဒီရောက်နေတယ်လို့နင်မထင်နဲ့...ငါတို့အားလုံးကိုအဆိပ်ခပ်ခဲ့ရင်တောင်အပြင်မှာရှိနေတဲ့သူတွေကငါတို့ဆီလာကယ်မှာပဲ,မင်းကနယ်မြေကိုးပါးတစ်ခုလုံးကိုစိန်ခေါ်လိုက်တာပဲ''
"အကယ်၍ငါအားလုံးကိုသတ်ပစ်မှာဆိုရင်ကော''ရှီရှန်းကပြုံးလိုက်တယ်''ရှင်တို့ကိုကျွန်မကဒီကြာပန်းဖျက်ဆီးလိုက်တာကိုမြင်စေချင်ရုံပဲ,အဲ့တော့ရှင်တို့မြင်ပြီးရင်ကျွန်မကိုစောက်ဇယားတွေလာမရှုပ်နဲ့တော့!!''
ရှီရှန်းက အလင်းရောင်ဖျော့တော့နေတဲ့ကြာပန်းကိုလွှတ်ချလိုက်တယ်''ဒီမှာရှင်တို့အရမ်းလိုချင်နေတဲ့ကြာပန်းလေး,သွားပြီးနောက်ဆုံးတစ်ခေါက်လောက်ကြည့်လိုက်ပါဦး..ဒါရှင်တို့ဘဝမှာမြင်ချင်တယ်ဆိုရင်တောင်မြင်ရတော့မှာမဟုတ်ဘူး''
လူတွေအားလုံးကဒေါသထွက်လွန်းလို့သွေးတောင်အန်ထွက်တော့မယ်'ဒီရှန့်ယောင်ကွမ်းကလုံးဝကိုရူးနေတာပဲ,ငါတို့ကိုခေါ်ပြီးတော့ကြာပန်းကိုဖျက်ဆီးပြတယ်..ငါတို့အားလုံးကိုသွေးအန်အောင်လုပ်နေတာပဲ'
အဲဒီအချိန်မှာလူတွေအကုန်လုံးနီးပါးကရှန့်ယောင်ကွမ်းကိုသူတို့ရဲ့မုန်းတီးမှုစာရင်းထဲမှာထည့်ပစ်လိုက်တယ်'ဒီမိန်းမကအရင်တစ်ခါကလည်းငါတို့ကိုလှည့်စားတယ်အခုလည်းထပ်ပြီးလှည့်စားပြန်ပြီ,တော်တော်ကိုယုတ်မာတဲ့မိန်းမ'
ကျွင်းဟန်လင်းကထောင့်တစ်နေရာမှာရပ်နေတယ်'ဒီမိန်းမကထင်ထားတာနဲ့တော်တော်ကွာတာပဲ,ခန့်မှန်းလို့ကိုမရနိုင်ဘူး,သူမကိုလူတွေလိုက်နှောက်ယှက်နေတာနဲ့ပဲကြာပန်းကိုဖျက်ဆီးပစ်တယ်
ပြီးတော့ငါသူ့နောက်ခံကိုဖျက်ဆီးလိုက်ရင်သူမဒုက္ခရောက်မယ်လို့ထင်ထားတာသူမကိုကူညီသလိုတောင်ဖြစ်သွားတယ်'

YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.