Unicode
[ hostရေ...ဘာဖြစ်လို့ လက်လွတ်စပယ် လုပ်နေတာလဲ...]
Systemက မနေနိုင်လွန်းလို့ ထုတ်မေးပစ်လိုက်တယ်
' ဒီလိုပုံနဲ့ဆိုရင် အမှတ်ပြည့်ရမယ့် ကမ္ဘာရောရှိပါအုံးမလား '"ဟေး...ဘ၀ကြီးက အရမ်းတွေသာယာနေရင် ပျော်ဖို့မကောင်းတော့ဘူးလေ...."
[.......]
'..အဲ့ဒါက hostက အဲ့လိုမနေချင်တာကြောင့်လေ..'Systemက ဘာတစ်ခွန်းမှ၀င်မပြောဘဲ သေချင်ယောင်ပဲပြန်ဆောင်နေလိုက်တယ်
တကယ်လို့ သူ့စိတ်ရှိတိုင်းသာ ထုတ်ပြောနေမယ်ဆိုရင် တစ်နေ့မှာ hostရိုက်သတ်တာကို ခံရလိမ့်မယ်............
ဖုတ်!!!!
ကျွင်းဟန်လင်း က ချင်လန်ယွဲ့ရဲ့ရှေ့တည့်တည့် လူအုပ်ကြားထဲကိုပြုတ်ကျသွားတယ် လူတွေအများကြီး၀ိုင်းနေတာကြောင့် ရှီရှန်းကိုမော့မကြည့်နိုင်ဘူး...
"ညီခုနစ်..မင်းဘယ်လို..."
မင်းသားသုံးက ကောင်းကင်ကို လက်ညှိုးထိုးပြီး အဆက်မပြတ်ရီတော့တယ်
" ကောင်းကင်ပေါ်ကနေ ဘယ်လိုပြုတ်ကျလာတာလဲ...ဒါက..ဒါက..မဟုတ်မှလွဲရော..*ကောင်းကင်ဘုံက ချမှတ်ပေးတဲ့ ဖူးစာ*များဖြစ်နေမလား...ဟေး...ငါအခုမှစဥ်းစားမိတယ်.... ညီခုနစ်နဲ့ အကြီးဆုံး ချင်သခင်မလေးတို့ကတကယ်လိုက်ဖတ်တဲ့စုံတွဲပဲ .."လူအုပ်ကြီးက မင်းသားသုံးရဲ့စကားကိုကကြားကြားချင်း ၀ိုင်းရီကြပြီး သူတို့၂ယောက်ကို ခပ်လှောင်လှောင်ကြည့်နေကြတယ် ဘယ်သူကမှ ကျွင်းဟန်လင်းက ဘာလို့ကောင်းကင်ပေါ်ကပြုတ်ကျလာတယ် ဆိုတဲ့အကြောင်းအရင်းကို စိတ်မ၀င်စားကြဘူး
"ငတုံးမ နဲ့ အရူးကောင်...ဟားဟား...နတ်ဖက်တဲ့စုံတွဲပဲ...မဟုတ်ဖူးလား..ရောင်းရင်းတို့..."
ချင်လန်ယွဲ့ရဲ့အကြည့်တွေကပိုပိုပြီးတော့စူးရှလာပြီးတော့သူမမျက်လုံးတွေထဲမှာလူသတ်ချင်တဲ့အငွေ့အသတ်တွေပြည့်နေတယ်ရုတ်တရက်တစ်ယောက်ယောက်သူမခြေထောက်နားကစကတ်စကိုလှမ်းဆွဲနေသလိုခံစားလိုက်ရတယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.