Unicode
ရှီရှန်းကပေ့မိသားစုကိုဒုက္ခပေးဖို့ကြိုးစားရင်းအလုပ်တွေရှုပ်နေတယ်
"မိန်းကလေးပေ့, ပေ့အိမ်တော်ရဲလုပ်ငန်းတွေကဟိုးတောင်ထိပ်ကိုရောက်နေပြီ, ကျွန်တော်တို့ကအခုကျောက်တုံးကိုကြက်ဥနဲ့ခွဲနေသလိုပဲနော်"
"ဒါကပညာသားမပါဘူးလေ"ရှီရှန်းကအေးအေးဆေးဆေးပြန်ပြောတယ်
ရှီရှန်းကထိုင်ခုံတစ်ခုံပေါ်မှာတည်ငြိမ်တဲ့အမူအယာနဲ့ထိုင်နေပြီးတော့လက်တစ်ဖက်ကရေခဲမုန့်ကိုကိုင်ထားတယ်"ပုရွက်ဆိတ်တွေကတောင်ရေတွင်းတစ်တွင်းကိုဖျက်ဆီးနိုင်သေးတာပဲ...ငါတို့လုံ့လရှိနေသ၍မလုပ်နိုင်ဘူးဆိုတာမရှိစေရဘူး"
"ဒါပေမဲ့ကျွန်တော်တို့ ပုရွက်ဆိတ်တွေလိုတယ်လေ,ကျွန်တော်တို့ဆီမှာကျွန်တော်အပါအဝင်မှအလုပ်သမားက၁၀ယောက်ပဲရှိတာ....ပေ့အိမ်တော်ကလုပ်ငန်းတွေကိုဘယ်လိုမှီပါ့မလဲ''
ရှီရှန်းက သူ့ဆီကိုမျက်လုံးအကြည့်လွှဲလိုက်တယ်"ဘယ်သူကရောနင့်ကိုအတင်းလုပ်ခိုင်းနေလို့လဲ,ကိုယ့်ကိုယ်ကိုနီကျားများမှတ်နေလား"
(TN/ နီကျား/နယ်ကျား က ၀ူခုန်းကြည့်တဲ့လူတွေသိပါလိမ့်မယ် နတ်ဘုရားတစ်ပါးပဲ)
CEO."......."
ရှီရှန်းကရေခဲမုန့်ကိုမြိုချလိုက်ပြီးဆက်ပြောတယ်
"ဒီကမ္ဘာပေါ်မှာလေ.....ပေ့အိမ်တော်ရဲ့စီးပွားရေးယိမ်းယိုင်သွားတာကိုလိုချင်တဲ့သူတွေမှအများကြီး.,မင်းလုပ်ရမှာကသူတို့ကိုရှာပြီးတော့လိုအပ်တဲ့သတင်းအချက်အလက်လေးတွေပေးလိုက်"CEOကရုတ်တရပ်အလင်းပေါက်တယ်
သူကရှီရှန်းကိုလက်မအကြီးကြီးပေးပြီးတော့အသိအမှတ်ပြုလိုက်ပြီးရှီရှန်းကိုတဖြည်းဖြည်းနဲ့တောင်ကြောက်လာတယ်"ရှင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့သူကိုရောတွေ့ပြီလား''
"ဟုတ်ကဲ့တွေ့ပါပြီ,ဒါပေမဲ့လစာက...''
"သူလိုအပ်သလောက်ပေးလိုက်...ပြီးတော့သူ့စွမ်းဆောင်ရည်ကိုကြည့်ပြီးတော့နောက်ထပ်အမိန့်ကိုစောင့်နေ....အဲ့အတွက်ဆုလာဘ်လေးတွေလည်းရှိမယ်တခြားဘာပြဿနာမှမရှိတော့ဘူးမလား...လုပ်စရာရှိတာသွားလုပ်တော့,ဘာပဲဖြစ်ဖြစ်ငါတို့မှာစိုးရိမ်စရာမရှိတော့ဘူး....အခြားသူတွေစုံစမ်းလာမှာကိုလည်းကြောက်နေစရာမလိုအပ်ဘူး''
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.