နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၁)

1.2K 36 1
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁) နိုးထခြင်းနေ့

ကျက်သရေမြို့တော်သည် နေလပြည်ထောင်စုရဲ့ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ သမုဒ္ဒရာကြားက မြို့လေးတစ်မြို့ဖြစ်သည်။

မြို့တော်ထဲတွင် ယနေ့သည် နှစ်စဉ် နိုးထခြင်းပွဲ‌ေတာ် ကျင်းပရာနေ့တစ်နေ့ ဖြစ်သောကြောင့် လူများလှုပ်ရှားသက်ဝင်နေကြသည်။

ဒိုလော့တိုက်ကြီးပေါ်တွင် နေထိုင်သူအားလုံးသည် သိုင်းဝိညဉ်လို့ခေါ်တဲ့ အရာကိုပိုင်ဆိုင်ခဲ့ကြသည်။သိုင်းဝိညဉ်သည် ခန္ဓာကိုယ်ရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ပြီး အသက်ခြောက်နှစ်အရွယ်လူငယ်တိုင်း နိုးထနိုင်သည်။သိုင်းဝိညဉ်သည် အပင်ပုံစံဖြစ်စေ တိရိစ္ဆာန်ပုံစံဖြစ်စေ ပုံသဏ္ဍန်မျိုးစုံရှိသည်။နိုးထခြင်းပွဲတော် ကျင်းပခြင်းဖြင့် လူငယ်တိုင်းသည် သူတို့ရဲ့ ကိုယ်ပိုင်သိုင်းဝိညဉ်ကို နိုးထစေနိုင်သည်။ဒါသည် နှစ်စဉ်နိုးထခြင်းပွဲတော်ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်လဲဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်ရဲ့
သိုင်းဝိညဉ်သည် ပေါက်တူးတစ်လက် ဖြစ်ခဲ့ရင် လယ်ယာထွန်ယက်ရာမှာ အခြားသူတွေထက် ပိုပြီးသာလွန်‌ေနလိမ့်မည်။တစ်စုံ‌တစ်ယောက်သည် တိရိစ္ဆာန်တစ်ကောင်ရဲ့ သိုင်းဝိညဉ်ကိုနိုးထနိုင်ခဲ့ရင် ၎င်းတိရိစ္ဆာန်ရဲ့ အစွမ်းအချို့ကို ပိုင်ဆိုင်နိုင်လိမ့်မည်။ဒါ့ကြောင့်ပဲ ဟိုးရှေးခေတ်ကတည်းက သိုင်းဝိညဉ်တွေသည် လူ‌တစ်ယောက်ရဲ့ ဘဝကို အဆုံးဖြတ်ပေးနိုင်တဲ့ အဓိကလက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော်လည်းပဲ ဝိညဉ်ခွန်အားပိုင်ဆိုင်ခြင်းသည် သိုင်းဝိညဉ်ထက် ပိုပြီးအရေးပါခဲ့သည်။ဝိညဉ်ခွန်းအားသည် စွမ်းရည်တစ်မျိုးဖြစ်ပြီး သိုင်းဝိညဉ်ကို အားဖြည့်ပေးနိုင်ကာ အဆင့်မြှင့်တင်ပေးနိုင်သည်။လူတိုင်းသည် သိုင်းဝိညဉ်ကို ပိုင်ဆိုင်နိုင်သော်လည်းပဲ လူတစ်ထောင်တွင်လူတစ်ယောက်သာ ဝိညဉ်ခွန်အားကို ပိုင်ဆိုင်နိုင်သည်။

ဝိညဉ်ခွန်အားရဲ့ အဆင့်တန်းသည် လူတစ်ယောက်၏ ခွန်အားနဲ့ အနာဂတ်ကို ကိုယ်စားပြုသည်။သိုင်းဝိညဉ်နိုးထပြီးသည်နှင့်ချက်ချင်း သိုင်းဝိညဉ်ကို အားဖြည့်ပေးပြီး အဆင့်မြှင့်တင်ပေးနိုင်ဖို့ ဝိညဉ်ခွန်အားကို ကျင့်ကြံနိုင်သည်။ဒါ့ကြောင့်ပဲ ဒိုလော့တိုက်ကြီးနှစ်ပေါင်းတစ်သိန်းကျော် တည်ရှိပြီးနောက် အမြင့်မြတ်ဆုံးအသက် မွေးဝမ်းကျောင်း ပညာရှင်တွေသည် ဝိညဉ်သခင်တွေသာ ဖြစ်ကြသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now