Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၃) ပထမဆုံးပြိုင်ပွဲစတင်ခြင်းပထမနှစ်၊ အတန်း(၄) ဆရာ ခုံဟန်းဝမ်က ဒေါသတကြီးဖြင့် သူ၏နှာခေါင်းကိုရှုံ့လိုက်ပြီး ပြောလိုက်သည်။(ဒီလူရဲ့ မာနထောင်လွှားမှုက အရမ်းကိုလွန်လွန်းတယ်။)
(ဟုတ်တယ်။ မင်းက အရမ်းသန်မာတယ်။ ဒါပေမဲ့ မင်းသင်ပေးတဲ့ အမှိုက်အတန်းကရော? သူတို့ရဲ့စွမ်းအားနဲ့ ဘယ်နေရာထိ ရောက်နိုင်မှာမို့လို့လဲ?)
(ကြည့်ရတာ ဆရာဝူက ယုံကြည်မှု အတော်လေးရှိပုံပဲ! ပြိုင်ပွဲစင်ပေါ်မှာ ဘာတွေဖြစ်လာမလဲ ကြည့်ရသေးတာပေါ့။)ရိုင်းစိုင်းသော စကားလုံးများဖြင့် ခုံးဟန်းဝမ်က ဝူဇန်ခုံးကို ပုတ်ခတ်ပြောဆိုပြီးနောက် သူ၏ကိုယ်ပိုင်အတန်းဆီသို့ ပြန်သွားခဲ့သည်။
ဝူဇန်ခုံးရဲ့နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားပြီး ဘေးနားမှာရပ်နေသည့် ထန်ဝူလင်းက သတိထားမိသွားသည်။ဆရာဝူက မနှစ်မြို့ဖွယ်စကားကို ပြောနေပုံရသည်။
အဲ့အချိန်မှာပဲ ဒါရိုက်တာ လုံဟန်းရှုက ယှဉ်ပြိုင်ပွဲရဲ့ အလယ်ကိုသွားလိုက်ပြီး ပြောလိုက်သည်။
(ဒီနေ့အတန်းမြှင့်တင်ရေးပြိုင်ပွဲက စတင်တော့မယ်။ ပထမဆုံးပြိုင်ပွဲအနေနဲ့ ပထမနှစ်၊ အတန်း(၅)နှင့် အတန်း(၄)ရဲ့ ယှဉ်ပြိုင်ပွဲကို စတင်မယ်။ ဆရာဝူ၊ မင်းရဲ့အတန်းကို ကိုယ်စားပြုမဲ့ ကျောင်းသားအရေအတွက်ကို အတည်ပြုပေးပါ။)
အတန်းမြှင့်တင်ရေးပြိုင်ပွဲတွင် အငယ်တန်းလေးတွေရဲ့ပြိုင်ပွဲကို ပုံမှန်အားဖြင့် သိပ်စိတ်မဝင်စားကြပါဘူး။ဒိုင်လူကြီးတစ်ယောက်အနေနဲ့ လုံဟန်းရှုသည် ဝူဇန်ခုံးရဲ့လက်အောက်မှာ သုံးလကြာလေ့ကျင့်ပြီးနောက် အတန်း(၅)ရဲ့ကျောင်းသားတွေ ဘယ်လောက် ပြောင်းလဲလာလဲဆိုတာ သိချင်နေသည်။အထူးသဖြင့် ဝူဇန်ခုံးက သူ့ကို လာတောင်းပန်ရန် ချဉ်းကပ်လာကတည်းကဖြစ်သည်။
ဝူဇန်ခုံးက ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။(ငါတို့အတန်းက သုံးယောက်ဝင်ပြိုင်လိမ့်မယ်။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasiaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)