နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၄၁)

72 6 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၁) ပန်းပဲပညာရှင်အဆင့်စမ်းသပ်ခြင်း

ကျဉ်းမြောင်းသော မျက်လုံးများဖြင့် ကန်ယွဲ့က ထန်ဝူလင်း၏ ဖောင်ကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။(ငါ့နောက်လိုက်ခဲ့။) မန်ထင်၏တပည့်က ပန်းပဲပညာမှာ ဘယ်အဆင့်ထိရောက်နေမလဲဆိုတာ သူကိုယ်တိုင် သိချင်နေသည်။

စမ်းသပ်ခန်းလို့သာ ခေါ်ပေမဲ့ တကယ်တော့ ပန်းပဲထုသည့် အခန်းတစ်ခန်းသာဖြစ်သည်။ပုံမှန်အားဖြင့် ပန်းပဲပညာရှင်အဆင့် စမ်းသပ်ခြင်းကို ဒီလိုအခန်းမျိုးတွင်သာ ပြုလုပ်ကြရန် လိုအပ်သည်။

ပန်းပဲအခန်းထဲ ဝင်ဝင်ချင်း ထန်ဝူလင်း၏စိုးရိမ်နေစိတ်များမှာ အတန်ငယ် ပျောက်ကွယ်သွားသည်။ပန်းပဲအခန်းမှာ မန်ထင်၏ပန်းပဲအခန်းနှင့် အတူတူဖြစ်သည်။အရှေ့ပင်လယ်မြို့မှ ပထမဆုံး သူနှင့်ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ဤပန်းပဲခန်းတွင် သူတွေ့ရှိသွားသည်။

‌အကဲဖြတ်သူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ကန်ယွဲ့နှင့် အလွန်ရင်းနှီးသည်။(အကြီးအကဲကန် ရှင်က ပုဂ္ဂိုလ်ရေးအရ ကလေးတစ်ယောက်ကို စမ်းသပ်စစ်ဆေးဖို့ ခေါ်လာတယ်ပေါ့! ငါကြားထားတာတော့ ဒီကလေးက အသက်ကိုးနှစ်ပဲ ရှိသေးတယ်ဆို။ သူသာ ဒီထက်နည်းနည်းငယ်မယ်ဆိုရင် ဥက္ကဋ္ဌရဲ့စံချိန်ကိုတောင် ချိုးဖြတ်နိုင်လိမ့်မယ်။)

ကန်ယွဲ့က (ငါတို့ စမ်းသပ်ပြီးမှ စကားဆက်ပြောကြတာပေါ့)

အကဲဖြတ်သူက ခေါင်းညိမ့်လိုက်ပြီး ထန်ဝူလင်းကို ကြည့်လိုက်သည်။(ဒီမှာ သတ္တုအမျိုးအစား(၁၅)မျိုးရှိသည်။ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုရွေးပြီး သန့်စင်ကြည့်။ မင်းရွေးလိုက်တဲ့သတ္တုအမျိုးအစားရဲ့ သန့်စင်မှုကိုကြည့်ပြီး အဆင့်သတ်မှတ်ပေးမယ်။ မင်းရဲ့ရမှတ်က (၆၀)ကျော်ရင် အဆင့်(၁)ပန်းပဲပညာရှင်ဘွဲ့ကို ရလိမ့်မယ်။)

(ဟုတ်ကဲ့) ထန်ဝူလင်းက ခေါင်းညိမ့်လိုက်သည်။သူက စင်ပေါ်တွင်တင်ထားသော သတ္တုအမျိုးအစားတွေကို အသေချာကြည့်နေသည်။

စင်ပေါ်တွင် မတူညီသော သတ္တုအမျိုးအစား(၁၅)မျိုးရှိပြီး တစ်ခုချင်းစီ၏ အရွယ်အစားမှာ တစ်စတုရန်းမီတာ၏ သုံးပုံတစ်ပုံရှိသည်။

သတ္တုများတွင် အရောင်အမျိုးမျိုးနှင့် မတူကွဲပြားသော ဂုဏ်သတ္တိအမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။ပန်းပဲပညာစမ်းသပ်ခြင်းသည် သတ္တုသန့်စင်ခြင်းကိုသာပြုလုပ်ရသော်လည်း ၎င်းကသတ္တုတုံးကို မည်မျှသန့်စင်နိုင်သော စွမ်းရည်ကိုပိုင်ဆိုင်ထားကြောင်း စစ်ဆေးခြင်းဖြစ်သည်။

အကဲဖြတ်သူသည် သတ္တုတွေက ဘယ်လိုအမျိုးအစားတွေဖြစ်‌ေကြာင်း သူ့ကိုရှင်းမပြပေ။၎င်းက သတ္တုအမျိုးအစားအားလံုးကို နားလည်ပြီး ထိုအထဲမှ ကိုယ်နှင့်အသင့်တော်ဆုံးကို ရွေးချယ်နိုင်မှုရှိမရှိ စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now