Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၀) ပေါင်းစပ်ခြင်းငိုကြွေးခြင်းသည် လူတစ်ယောက်၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ရန် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်သည်။နာအာ၏ ပခုံးပေါ်တွင် သူ၏မျက်ရည်များဖြင့် စိုစွတ်နေသည်။ထို့ေနာက် သူ၏ငိုကြွေးသံသည် တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
(နာအာ ငါပျော့ညံ့နေလား?) ထန်ဝူလင်း သူ၏မျက်ရည်များကို သုတ်လိုက်ပြီး နာအာကို ခေါင်းမော့ကြည့်လိုက်သည်။
နာအာက ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
ထန်ဝူလင်း သူ၏လက်ထဲက နတ်ဝိညဉ်ကို ကြည့်လိုက်သည်။နတ်ဝိညဉ်ဘောလုံးလေး အတွင်း၌ သေးငယ်သော မြက်မြွေလေးသည် ပူပင်ကြောင့်ကြကင်းမဲ့သော ပုံစံဖြင့် ရွေ့လျားနေသည်။(နာအာ ညီမလေးသွားလို့ရပြီ။ အကို ဒီနတ်ဝိညဉ်နဲ့ ပေါင်းစပ်ချင်တယ်) ထန်ဝူလင်းက ခါးသီးစွာ ပြောလိုက်သည်။
နာအာက တွန့်ဆုတ်သော အမူအရာဖြင့် (ဒါပေမဲ့ ဒီနတ်ဝိညဉ်က မကောင်းဘူး ဟုတ်တယ်မလား?)
ထန်ဝူလင်းက အားတင်းပြုံးလိုက်ပြီး (အဖေနဲ့အမေက ငါတို့ကို ထောက်ပံ့ပေးဖို့ အတော်လေး ခက်ခဲနေပြီ။ ဒါကြောင့် ငါသူတို့ကို ထပ်ပြီး ဝန်ထုတ်ဝန်ပိုးတွေ မပေးချင်တော့ဘူး။ အဖေက ငါ့အတွက် နောက်ထပ် နတ်ဝိညဉ်တစ်ခုကို ဝယ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါတို့မိသားစုမှာ အစကတည်းက အဲ့လောက်ငွေတွေ အများကြီးမှ မရှိတာ။ ငါ့အတွက်နဲ့ အဖေနဲ့အမေကို ထပ်ပြီး ဒုက္ခမပေးစေချင်တော့ဘူး။ ဒီအကောင်လေးက မကောင်းရင်တောင် သူက နတ်ဝိညဉ်တစ်ခု ဖြစ်နေတုန်းပဲ။ သူက ငါ့ကို တရားဝင်ဝိညဉ်သခင်တစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်သေးတယ်။ အကိုသာ ဒါနဲ့ပေါင်းစပ်ပြီးရင် အဖေလည်း နောက်ထပ်အခက်အခဲတွေနဲ့ ရင်ဆိုင်ဖို့ မလိုအပ်တော့ဘူးလေ။)နာအာက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။(အကိုကြီး....)
ထန်ဝူလင်းက သူမကို ပြုံးပြလိုက်သည်။(အကိုအဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ဝိညဉ်သခင်ဖြစ်လာဖို့က အကို့အတွက် အိမ်မက်တစ်ခုသာသာပါ။ နောက်ဆုံးတော့ ပန်းပဲဆရာသခင် ဖြစ်လာဖို့ကသာ အကိုနဲ့အသင့်တော်ဆုံးပဲ။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantastikI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)