Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၅) အမဲသားပြုတ်ဟင်းရဲ့ဇတ်ကြောင်း(ကောင်းပြီ!) ထန်ဝူလင်းက ပြုံးလိုက်သည်။သူက အရမ်းဗိုက်ဆာနေပြီ။
အရင်ဆုံး အညိုရောင် မြေအိုးတစ်လုံးကို ပွက်ပွက်ဆူအောင် ပြုတ်ထားရသည်။အမဲသားကို ဆေးကြောသန့်စင်ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဂျင်းကို သမနေအောင် နယ်လိုက်ပြီး အမဲသားရဲ့အတွင်းထဲသို့ အစာသွပ်လိုက်သည်။ပြီးနောက် ပွက်ပွက်ဆူနေသော မြေအိုးထဲသို့ ထည့်လိုက်သည်။မြေအိုးကိုအသုံးပြုရခြင်းမှာ အစိုဓာတ်ကိုစုပ်ယူရန်နှင့် အနံ့အရသာကို ထိန်းညှိပေးရန်ဖြစ်သည်။အမဲသားက အရောင်ပြောင်းလာပြီဆိုလျှင် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို အိုးထဲသို့ထည့်လိုက်သည်။အချိန်ကြာကြာပြုတ်ပြီးလျှင် အမဲသားက နူးညံလာပြီး ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးရဲ့ အရသာနှင့် ပေါင်းစပ်သွားလိမ့်မည်။၎င်းက အရှေ့ပင်လယ်မြို့တွင် လူသိများသော ဟင်းလျာတစ်မျိုးဖြစ်သည်။
ဆိုင်လေးရဲ့ အရွယ်အစားက သေးငယ်ပြီး ချက်ပြုတ်သည့်စားပွဲကို ဆိုင်အပြင်ဘက်တွင် နေရာချထားသည်။စားပွဲ၏အောက်ဘက်တွင် မီးတောက်တစ်ရာကျော်ရှိပြီး စားပွဲအပေါ်တွင် အမဲသားများပြုတ်ထားသော မြေအိုးများစွာရှိသည်။ရေနွေးငွေ့များကစုနေပြီး အပြင်ကို တိုးထွက်နေတာကြောင့် အဖုံးက လှုပ်ခါနေသည်။အိုးထဲမှ ပွက်ပွက်ဆူဆူေနသည့်အသံ၊ မြေအိုးအဖုံးက လှုပ်ခါနေတာကြောင့် ထွက်ပေါ်လာသောအသံများက လမ်းသွားလမ်းလာများကို စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေသည်။
ဆိုင်၏အတွင်းဘက်တွင် အလယ်လတ်အရွယ်အစားရှိသည့် စားပွဲလေးလုံးသာ ရှိသည်။စားပွဲတစ်လုံးတွင် လူငါးယောက်ထိုင်နိုင်ပြီး အယောက်နှစ်ဆယ်စားသုံးနိုင်သည်။အခုချိန်တွင် ဆိုင်ထဲ၌ စားသုံးသူဆယ်ဦးသာရှိသည်။
အခုချိန်သည် ဆောင်းဦးရာသီ၏ အလယ်ပိုင်းကို ရောက်နေတာကြောင့် နေ့အပူချိန်က တဖြည်းဖြည်း ကျဆင်းေနသည်။ဆိုင်ပေါက်ဝကို ဝင်လိုက်သည်နှင့် နွေးထွေးသော အမဲသားပြုတ်၏ရနံ့နှင့် အရသာက စားသုံးသူများကို ဝမ်းသာအားရ ကြိုဆိုနေသည်။ဒါက အရမ်းကို ခံစားလို့ကောင်းတာပဲ။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantastikI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)