Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၈) အကြိမ်တစ်ထောင်သန့်စင်ပြီးသောငွေဖြူရောင်သတ္တုတုံးအပူချိန်ပိုပြီး မြင့်မားလာတာကြောင့် သတ္တုတုံးကို ပုံသွင်းရသည်မှာ ပိုလွယ်လာခဲ့သည်။
ထန်ဝူလင်းသည် နှစ်နာရီကြာအောင် စိတ်ရှည်ရှည်ဖြင့် ပုံသွင်းခဲ့ရသည်။ထို့ေနာက် သတ္တုတုံးသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။သို့သော်လည်း ထန်ဝူလင်းက အလျော့မပေးဘဲ ဆက်ပြီးပုံသွင်းနေခဲ့သည်။ခွန်အားပြင်းသော ရိုက်ချက်တစ်ချက်စီတိုင်းက ငွေဖြူရောင် သတ္တုတုံးကိုမီးပွားများ လွင့်စင်ထွက်လာစေပြီး ပုံပျက်လာေစခဲ့သည်။
သူ၏လက်မောင်းမှ နာကျင်မှုကို ခံစားရလာသည့်အခါ ကျောရိုးအဆုံးမှ အပူလှိုင်းတစ်ခု ထွက်ပေါ်လာသည်။၎င်းက သူ၏ခြေလက်နှစ်ဖက်မှာရှိတဲ့ ရာပေါင်းများစွာသော အရိုးထဲသို့ ပျံ့နှံ့သွားေစခဲ့ပြီး နာကျင်မှုအားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။ထန်ဝူလင်းက သူ၏ခွန်အားကို ဆက်လက်ထိန်းသိမ်းရန် ဝိညဉ်ခွန်အားကို လက်မောင်းနှစ်ဖက်ဆီသို့ အလိုအလျောက် လွှဲပြောင်းပေးလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ငွေဖြူရောင် သတ္တုတုံးမှာ တဖြည်းဖြည်းချင်း သန့်စင်လာပြီး အရွယ်အစားမှာ ပိုပိုပြီးသေးလာသည်။ငွေဖြူရောင် သတ္တုတုံး၏ သန်မာမှုမှာ အလွန်မြင့်မားပြီး မယုံကြည်နိုင်ဖွယ်သိပ်သည်းသော လက္ခဏာများရှိနေသည်။ဒါကြောင့် တစ်စုံတစ်ယောက်က ၎င်းကို သန့်စင်ပြီးကျုံ့သွားအောင် ပြုလုပ်ရာတွင် သတ္တုကြောများကို မထိအောင် ပုံသွင်းရသည်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။
ထန်ဝူလင်း၏ သန့်စင်မှုကြောင့် ငွေဖြူရောင် သတ္တုတုံး၏ တန်ဖိုးမှာ အရင်ကထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုမြင့်လာလိမ့်မည်။
ထန်ဝူလင်းသည် သတ္တုတုံးကို ဘယ်နှစ်ကြိမ်ထုရိုက်ခဲ့ပြီးပြီလဲဆိုတာ မမှတ်မိတော့ပါဘူး။တဖြည်းဖြည်းနဲ့ သတ္တုထုရိုက်သံများမှာ မှေးမှိန်လာခဲ့သည်။သူ့ရှေ့ရှိ ငွေဖြူရောင် သတ္တုတုံးသည် ငွေရောင်အလင်းမှိန်မှိန်လေးကို ထုတ်လွှတ်လိုက်သည်။ထုရိုက်လိုက်သည့်အခါတိုင်း သူ၏အသက်ရှုသံနှင့် သတ္တုတုံးမှ ထွက်ပေါ်လာသော အသံသည် တစ်ထပ်တည်း ဖြစ်နေခဲ့သည်။ထန်ဝူလင်း၏ ကျောရိုးတစ်လျှောက်လုံးသည် အပူဒဏ်ကြောင့် လောင်ကျွမ်းလာခဲ့ပြီး သူ၏အဝတ်အစားများအောက်တွင် ခပ်မှိန်မှိန်ရွှေရောင်သွေးကြောပုံစံ ထွက်ပေါ်လာခဲ့သည်။
ဘေးနားတွင်ရှိသော မန်ထင်သည် သူ၏စိတ်အာရုံအားလုံးကို ငွေဖြူရောင် သတ္တုတုံးအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစူးစိုက်ထားတာကြောင့် သူ့တပည့်၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို သူသတိမထားမိခဲ့ပါဘူး။
ထန်ဝူလင်း သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်အလင်းတစ်ခု လင်းလက်လာခဲ့သည်။ထို့နောက် သတ္တုတူမှာ ထန်ဝူလင်း၏ခန္ဓာကိုယ်နှင့် တသားတည်းဖြစ်လာခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)