Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၆) မင်းရဲ့ပါးေပါ်က အနာကပြန်သက်သာသွားပြီလား?ဝူဇန်ခုံး၏ မျက်ခံုးများက အပေါ်သို့မြင့်တတ်သွားသည်။(ပန်းပဲထုတာလား? မင်းကဝိညဉ်သခင်တစ်ယောက် မဟုတ်ဘူးလား? ဒါတောင် ပန်းပဲပညာကို သင်ယူပြီးပြီလား? ညံ့ဖျင်းတဲ့ငှက်က တောထဲစောစောဝင်ရတတ်တယ်။ မင်းက ညံ့ဖျင်းတဲ့ငှက်ဖြစ်တာတောင် အဓိပ္ပာယ်မဲ့တဲ့အရာအတွက် မင်းရဲ့အချိန်တွေကို ဖြုန်းတီးခဲ့တာပဲ။)
(#၎င်းက တရုတ်စကားပုံတစ်ခုဖြစ်ပြီး ပညာတစ်ခုကို အသေချာမသင်ယူဘဲ အခြားကိစ္စတွေမှာ အချိန်ဖြုန်းနေတာကို ဉပမာပေးထားတာပါ။)
ထန်ဝူလင်းက သူ၏ခေါင်းကိုငုံ့လိုက်ပြီး ပြောလိုက်သည်။(ဒါပေမဲ့ လူတိုင်းက ငါ့ရဲ့သိုင်းဝိညဉ်က အမှိုက်လို့ပြောကြတယ်။ ပြီးတော့ ငါ့ရဲ့နတ်ဝိညဉ်ကလည်း အသုံးမဝင်ဘူးဆိုတော့...)
ဝူဇန်ခုံးက ကြားကနေဖြတ်ပြီး ပြောလိုက်သည်။(ဒါဆို မင်းက ပန်းပဲပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တာလား? ဘယ်လောက်တောင် မိုက်မဲလိုက်လဲ? မင်းကငါ့တပည့်ဆိုတာကိုမှတ်ထား။ ငါကမင်းကိုအမှိုက်လို့ပြောရင်တောင် မင်းရဲ့လံု့လဝီရိယအားလုံးကို စိုက်ထုတ်ပြီး ဝိညဉ်သခင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားပြရမယ်။)
ဘေးတစ်ဖက်မှ ရှဲရှဲက လှောင်ပြောင်သလိုဖြင့် (မင်းငါ့ကို အသုံးမကျဘူးလို့ အရင်က မပြောခဲ့ဖူးဘူးလား?) သို့ပေမဲ့ ထန်ဝူလင်းအတွက်တော့ သူအနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ဒါဟာလည်း သူအနိုင်ရခဲ့လို့သာ သူ့အပေါ်တွေးပေးခြင်းဖြစ်သည်။
(အင်း) ထန်ဝူလင်းက သဘောတူလိုက်သည်။သို့သော်လည်း သူကပန်းပဲပညာကို စွန့်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။ပန်းပဲပညာကြောင့်သာ သူကနတ်ဝိညဉ်တစ်ခုကို ဝယ်ယူနိုင်ခဲ့တာပါ။ဒါ့အပြင်သူက ပန်းပဲပညာတွင်ပါရမီပါကြောင်း သူ့ကိုယ်သူသတိထားမိသည်။သူ၏သိုင်းဝိညဉ်ကြောင့်သာ သူ၏ကျင့်ကြံမှုနှုန်းက နှေးကွေးနေရခြင်းဖြစ်သည်။
ဝူဇန်ခုံးက သူ၏အကြည့်တွေကို ရှဲရှဲဘက်သို့ ပြောင်းလိုက်ပြီး (မင်းကရော ဘာလို့ရယ်နေတာလဲ? မင်းက သူ့ထက်သာတယ်လို့ ထင်နေတာလား? မင်းရဲ့အမွှာသိုင်းဝိညဉ်ကို ဖုံးကွယ်ထားတာက ပျော်စရာေကာင်းတယ်လို့ တကယ်ထင်နေတာလား? မင်းရဲ့ဝိညဉ်ခွန်အားကအဆင့်(၁၈)ကို ရောက်ရှိနေရုံတင်မကဘူး အမွှာသိုင်းဝိညဉ်ကိုပါ ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်မင်းရဲ့ကျင့်ကြံမှုနှုန်းက အခြားသူတွေထက်ပိုမြန်နေတာ။ ဒါကိုမင်းက ဂုဏ်ယူစရာလို့ ထင်နေတာလား?)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)