Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၈၀) ထူးဆန်းတယ်!ဝူဇန်ခုံးက သူ၏ဘယ်ဘက်လက်ကို မြှောက်တင်လိုက်ပြီး ထန်ဝူလင်း၏ဝမ်းဗိုက်ကို ဖိကပ်လိုက်သည်။သူ၏မျက်လုံးများကို ပိတ်လိုက်ပြီးနောက် ထန်ဝူလင်း၏ကိုယ်ကို စစ်ဆေးလိုက်သည်။
ဝူဇန်ခုံးကို သူ၏ညာဘက်လက်ဖြင့် ထိုးလိုက်ပြီး ဆယ်စက္ကန့်အကြာတွင် သူ၏ကြီးမားတဲ့ခွန်အားက တဖြည်းဖြည်းချင်း ပျောက်ကွယ်လာတာကို ထန်ဝူလင်း နောက်ဆံုးတော့ ခံစားမိလိုက်သည်။သူ၏ဝိညဉ်ခွန်အားတွေကို ဂူအန်လုံနှင့်တိုက်ခိုက်ခဲ့တုန်းက အများကြီးအသုံးပြုခဲ့တာကြောင့် ဝိညဉ်ခွန်အားတွေကို ပြန်လည်မဖြည့်တင်းရသေးပါဘူး။သူသာ သူ့ရဲ့ခွန်အားကို ဂရုမစိုက်ဘဲ ဆက်ပြီးသုံးနေမယ်ဆိုရင် သတိလစ်သွားလိမ့်မယ်။ဒါကြောင့် သူသတိမလစ်သွားစေရန် မျှော်လင့်ချက်ဖြင့် ရွှေရောင်အကြေးခွံတွေကို ပျောက်ကွယ်သွားစေရန် ဆုတောင်းခဲ့သည်။သူ့ဆရာရဲ့ မှာကြားမှုကို နားထောင်ရန် သူသတိရှိနေမှရမည်။
ဝူဇန်ခုံးက သူ၏လက်ကို ဖြေလျော့လိုက်တဲ့အခါမှာ ထန်ဝူလင်း၏ ခန္ဓာကိုယ်က အားနည်းသွားပြီး ယိမ်းယိုင်သွားသည်။
ရှဲရှဲက အလျှင်အမြန်ပဲ ထန်ဝူလင်း၏အနားသို့ ရောက်ရှိလာပြီး သူ့ကိုကူပေးလိုက်သည်။သူက ထန်ဝူလင်းကို ဝူဇန်ခုံး၏ ဆိုဖာပေါ်သို့ ကူတွဲပေးလိုက်သည်။
(ထူးဆန်းတယ်!)ဝူဇန်ခုံးက သူ၏မျက်ခုံးနှစ်ခုကို လက်ဖြင့်ဖိလိုက်သည်။သူ၏အကြည့်တွေက နက်နက်ရှိုင်းရှိုင်း တွေးတောနေကြောင်း ဖော်ပြနေသည်။
ထန်ဝူလင်းနှင့် ရှဲရှဲကသူ့ကို ဘာမေးခွန်းမှ မမေးခဲ့ပါဘူး။
ဝူဇန်ခုံးက မသေချာ မရေရာတဲ့ပုံစံဖြင့် ပြောလိုက်သည်။(ဒါက အမွှာသိုင်းဝိညဉ်ဟုတ်မယ်မထင်ဘူး။ အကယ်၍ ဒုတိယသိုင်းဝိညဉ်သာ ရှိမယ်ဆိုရင် ၎င်းကစတင်အသက်ဝင်လာရင် ငါအာရုံခံမိလိမ့်မယ်။ မင်းရဲ့သိုင်းဝိညဉ်က ဆင့်ကဲပြောင်းလဲသွားတာလဲ မဟုတ်ဘူး။ ကြီးမားတဲ့ခွန်အားက မင်းရဲ့ငွေပြာရောင်မြက်သိုင်းဝိညဉ်နဲ့ လုံးဝသက်ဆိုင်မှုမရှိဘူး။ ပြီးတော့ဝိညဉ်ပေါင်းစပ်ခြင်းပညာရပ်လည်းမဟုတ်ဘူး။ အကယ်၍ အဲ့ဒါသာအမှန်ဆိုရင် ရှဲရှဲရဲ့ကိုယ်မှာလည်း ပြောင်းလဲသွားတဲ့ လက္ခဏာတွေကို တွေ့ရလိမ့်မယ်။ ဝိညဉ်ပေါင်းစပ်ခြင်းပညာရပ်က လူတစ်ဦးတည်းမှာပဲ ဖြစ်ပေါ်လာတာမျိုး တစ်ခါမှမရှိခဲ့ဘူး။)
ဝူဇန်ခုံးက ထိုအကြောင်းကို ဆက်ပြီးပြောခဲ့သည်။ထန်ဝူလင်းသည် ဝူဇန်ခုံးပြောတဲ့အရာအားလုံးကို အကြွင်းမဲ့ယုံကြည်ခဲ့သည်။
(ဆရာ၊ ငါ့ရဲ့ရွှေရောင် အကြေးခွံတွေက...)သူက ထိုသို့မေးလိုက်ပြီး ဝူဇန်ခုံး၏ အနားသို့ တိုးလာခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)