နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၂၇)

78 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၇) ငွေဖြူရောင်သတ္တုတုံးကိုသန့်စင်ခြင်း

ထန်ဝူလင်းသည် ငွေဖြူ‌ေရာင်သတ္တုအကြောင်းကို ပြန်လည်စဉ်းစားပြီးသည့်နောက် သူ၏အနက်ရောင်သတ္တုတူကို ကောက်ယူလိုက်သည်။

အနက်ရောင် သတ္တုတူ၏လက်ကိုင်မှ အေးမြသော အငွေ့အသက်များသည် သူ၏စိတ်ကို လန်းဆန်းသွားစေခဲ့သည်။ထိုအချိန်မှာပဲ သူ၏စိတ်ပူပန်နေမှုများက ပျောက်ကွယ်သွားခဲ့သည်။သူ၏စိတ်ထဲတွင် စကားလုံးနှစ်လုံးသာရှိခဲ့သည်။အကြိမ်တစ်ထောင် သန့်စင်ခြင်း။

အနက်ရောင်သတ္တုတူကို အနီးကပ်သေချာကြည့်လျှင် သတ္တုတူ၏ကိုယ်ထည်သည် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရလိမ့်မည်။ဒါ့အပြင် သတ္တုတူနှစ်ချောင်းပေါ်တွင် အကြိမ်တစ်ထောင် ပုံသွင်းထားသော ထူးခြားသည့် ပွင့်ချပ်တစ်ခုကို မသဲမကွဲတွေ့ရလိမ့်မည်။

ငွေဖြူရောင် သတ္တုတုံးကို မီးပြင်းဖိုထဲ၌ နာရီဝက် အပူပေးပြီးသည့်နောက် နောက်ဆုံးတွင် ၎င်းကိုပုံသွင်းရန် သင့်တော်သော အကောင်းဆုံးအချိန်ကို ရောက်ရှိသွားခဲ့သည်။

ထန်ဝူလင်းသည် ငွေဖြုရောင် သတ္တုတုံးကို
မီးပြင်းဖိုထဲမှ ထုတ်ယူလိုက်သည်။ပြီးနောက် သူ၏အနက်ရောင်သတ္တုတူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး သူ၏စိတ်အာရုံကို စုစည်းထားလိုက်သည်။ထန်ဝူလင်းသည် သူ၏ညာဘက်လက်တွင် ကိုင်ထားသော အနက်ရောင်သတ္တုတူကို မြှောက်တင်လိုက်ပြီး ငွေဖြုရောင် သတ္တုတုံးကို ညင်သာစွာ ဖွဖွလေး ထုချလိုက်သည်။

ဒင်!

ဤကဲ့သို့ထုရိုက်ခြင်းကို အစမ်းထုရိုက်ခြင်းဟုခေါ်သည်။ပန်းပဲသမားများသည် သူတို့၏ သတ္တုတုံးကို ပုံစမသွင်းမှီ သတ္တုတုံး၏ မာကျောမှုကို အရင်ဆုံးသိ‌ေအာင်စမ်းသပ်ရသည်။

ထန်ဝူလင်း၏ ပြီးပြည့်စုံသော အာရုံစူးစိုက်မှုကို မန်ထင်မြင်လိုက်ရသည့်အခါ သူ၏ခေါင်းကို ညိမ့်လိုက်သည်။ဤကလေး၏ ခံယူချက်သည် အလွန်မြင့်မားသည်။သို့မဟုတ်လျှင် သူသည် သုံးနှစ်အတွင်း အလွန်ကောင်းမွန်သော အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့မည်မဟုတ်ပေ။သူ့တွင် အလွန်ထက်မြက်ပြီး တည်ငြိမ်သော စိတ်ထားလည်းရှိသည်။ဤကလေးသည် မန်ထင်ထံမှ ပန်းပဲပညာအမွေကို ဆက်ခံဖို့အသင့်တော်ဆုံးဖြစ်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now