Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၈) ကျပန်းရွေးချယ်ခြင်းဖန်သားပြင်ပေါ်က နံပါတ်များသည် ခဏလေးအတွင်း လျှင်မြန်စွာ မြင့်တတ်သွားပြီး နေရာတစ်ခုမှာ ရပ်တန့်သွားခဲ့သည်။
စိတ်ဝိညဉ်ဆရာသခင်က စက်ယန္တရားကို ပိတ်လိုက်ပြီး သတ္တုခေါင်းစွပ်ကို ချွတ်လိုက်သည်။
(ပြီးသွားပြီ)
ထန်ဝူလင်းသည် အနည်းငယ်မအီမသာ ဖြစ်သွားပြီး သူ၏ခေါင်းသည် ချာချာလည်သွားသလိုမျိုး ခံစားခဲ့ရသည်။နတ်ဝိညဉ်များနှင့် ပေါင်းစပ်ထားသော ရွှေရောင် ကမ္ဘာကြီးကို အရင်ကသူမသဲမကွဲ မြင်ခဲ့ဖူးသည်။ယခုစမ်းသပ်နေစဉ်အတွင်းမှာ သူက ၎င်းကိုနောက်တစ်ကြိမ် ပြန်မြင်နိုင်ခဲ့သည်။သူက ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ အများကြီး ကြိုးစားခဲ့ရပြီး အောင်မြင်ခါနီးအချိန်မှာ စမ်းသပ်မှုက ပြီးဆုံးသွားခဲ့သည်။
(ဒါက အရမ်းကောင်းတဲ့ နံပါတ်ပဲ) စိတ်ဝိညဉ်ဆရာသခင်က ပြုံးလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။(လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါတွေ့ခဲ့ဖူးသမျှ ဝိညဉ်ပညာသင်အဆင့်ထဲမှာ မင်းရဲ့ စိတ်ဝိညဉ်စွမ်းအားက အကောင်းဆုံးပဲ။ မင်းရဲ့ စိတ်ဝိညဉ်စွမ်းအားက သုံးဆယ့္ရှစ်ပဲ။ ဒီနံပါတ်ကို မင်းမှတ်ထားရမယ်။ ငါမင်းအတွက် စက်ပေါ်မှာ မှတ်တမ်းတင်ထားပေးမယ်။ မင်းအလယ်လတ်အကယ်ဒမီကိုတတ်တာနဲ့ ဒါကို မင်းတတ်မဲ့ကျောင်းကို ပြလိုက်လို့ရတယ်။)
ထန်ဝူလင်းသည် စနစ်ကြီးမှ စိတ်ဝိညဉ်စွမ်းအားတိုင်းတာပုံနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေးတာကြောင့် သူ၏ စိတ်ဝိညဉ်စွမ်းအား အဆင့်သုံးဆယ့်ရှစ် ရှိခြင်း၏ အရေးပါပုံကို သေသေချာချာ မသိရသေးပေ။
စိတ်ဝိညဉ်ဆရာသခင်သည် ထန်ဝူလင်း၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာကိုကြည့်လိုက်ပြီး ကြင်နာစွာ ရှင်းပြလိုက်သည်။(မူလစိတ်ဝိညဉ်အဆင့်ကို အဆင့်တစ်ကနေ တစ်ရာအထိ သတ်မှတ်ထားတယ်။ အဆင့်သုံးဆယ်အောက်ကို အခြေခံအဆင့်လို့သတ်မှတ်ထားတယ်။ အဆင့်သုံးဆယ်ကနေ ခြောက်ဆယ်အထိကို အလယ်အဆင့်လို့သတ်မှတ်ထားတယ်။ အဆင့်ခြောက်ဆယ်ကနေ ကိုးဆယ်အထိကို အဆင့်မြင့်အဆင့်လို့ သတ်မှတ်ထားပြီး အဆင့်ကိုးဆယ်ကနေ တစ်ရာအထိကို အထွတ်အထိပ်အဆင့်လို့ သတ်မှတ်ထားတယ်။ မင်က အခုလိုအသက်ငယ်ငယ်လေးနဲ့ မူလစိတ်ဝိညဉ်ရဲ့ အလယ်အဆင့်ထဲတောင် ရောက်နေပြီ။ မင်းလိုကလေးတစ်ယောက်အတွက် အဲ့ဒါကလွယ်ကူတဲ့အရာတော့မဟုတ်ဘူး။ ငါကအဆင့်နှစ်ဆယ့်ရှစ် အကြီးအကဲဝိညဉ်သခင် ဆိုပေမဲ့ ငါ့ရဲ့စိတ်ဝိညဉ်စွမ်းအားက အဆင့်ရှစ်ဆယ့်ခုနစ်ပဲ ရှိသေးတယ်။ မင်းရဲ့အလယ်အဆင့်စိတ်ဝိညဉ်စွမ်းအားကြောင့် မင်းက နှစ်တစ်ရာအဝါရောင် နတ်ဝိညဉ်နဲ့ ပေါင်းစပ်နိုင်တယ်။)
ဤကဲ့သို့ သတင်းကောင်းသည် ထန်ဝူလင်းအတွက် အနည်းငယ် ပျော်ရွှင်သွားစေခဲ့သည်။ဒါထက်ပိုတာက စိတ်ဝိညဉ်ဆရာသခင်၏ ရှင်းပြချက်က သူ့ကို ဝိညဉ်သခင်လောက၏ ခံ့ညားထည်ဝါမှုပုံရိပ်တွေကို နောက်ထပ်မြင်တွေ့စေခဲ့သည်။
(မင်းအဆင်သင့်ဖြစ်ရင် မင်းရဲ့ကံက ဘယ်လောက်ကောင်းလဲဆိုတာ မကြာခင် ငါတို့တွေ့ရလိမ့်မယ်။) ထို့နောက် စိတ်ဝိညဉ်ဆရာသခင်သည် ထန်ဝူလင်းကို ဘေးချင်းကပ် အခန်းတစ်ခုထဲသို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့သည်။
အရင်အခန်းထက်ပိုကြီးသော ယခုအခန်းထဲတွင် သုံးမီတာရှည်လျားပြီး ခြောက်မီတာကျယ်ဝန်းသော ဧရာမစက်ယန္တရားကြီး တစ်လံုးရှိသည်။ယင်းဧရာမစက်ယန္တရားကြီးအတွင်း၌ အချင်းတစ်မီတာ၏သုံးပုံတစ်ပုံခန့်ရှိသော တောက်ပနေသည့် စက်ဝိုင်းပုံစံ အလင်းလုံးများစွာရှိနေသည်။ေဘာလုံးတစ်လံုးစီတိုင်း၏ အလင်းရောင်မှာ အတူတူဖြစ်သည်။
စိတ်ဝိညဉ်ဆရာသခင်က စက်ယန္တရားကြီးပေါ်က စက်ခလုတ်နှစ်ခုကို ညွှန်ပြရင်း (အစိမ်းရောင်ခလုတ်က စတင်ဖို့၊ အနီရောင်ခလုတ်က ရပ်တန့်ဖို့ပဲ။ ရပ်တန့်ပြီးတဲ့အခါမှာ နတ်ဝိညဉ်တစ်ခုက အလိုလိုလိမ့်လာပြီး ထွက်ကျလာလိမ့်မယ်။ မင်းအဆင်သင့်ဖြစ်ပြီဆို စလို့ရပြီ။)
ထန်ဝူလင်း၏ နှလုံးခုန်သံသည် ဒီစက်ယန္တရားကြီးရဲ့အရှေ့မှာ မမြန်ဘဲမနေနိုင်ခဲ့ပါဘူး။သူ့ဆရာမ လင်းရှီမန်က နတ်ဝိညဉ်တစ်ခု၏ အရည်အသွေးသည် ဝိညဉ်သခင်တစ်ယောက်၏ စွမ်းအားပေါ်တွင် အဓိကအခန်းကဏ္ဍအနေဖြင့် ပါဝင်ကြောင်း သူ့ကိုပြောပြထားခဲ့သည်။သန်မာသည့် နတ်ဝိညဉ်နှင့်ပေါင်းစပ်ခြင်းသည် ဝိညဉ်သခင်အား သူ၏ကိုယ်ပိုင်စွမ်းအားများကို အဆင့်မြှင့်တင်ရန် ကူညီပေးလိမ့်မည်။အခြားတစ်ဖက်တွင်မူ၊ အားနည်းသော နတ်ဝိညဉ်နှင့်ပေါင်းစပ်လိုက်လျှင် နတ်ဝိညဉ်မှရရှိလာမည့် ဝိညဉ်ပညာရပ်မှာလည်း ထပ်တူအားနည်းသွားလိမ့်မည်။ဝိညဉ်သခင်တစ်ယောက်တွင် အများဆုံး ဝိညဉ်ပညာရပ်ကိုးခုအထိသာ ရှိနိုင်သည်။တစ်စံုတစ်ယောက်သည် ဝိညဉ်ကွင်းကိုးခုအထိရရှိရန် အလွန်ရှားပါးသည်။ဒါကြောင့် အဆင့်နိမ့်ဝိညဉ်ပညာရပ်များသည် ပိုပြီးအရေးပါလာခဲ့သည်။
ဘာပဲရလာရလာ ငါနဲ့သင့်တော်မှာပါ။
ထန်ဝူလင်း သူ၏သွားများကို အံ့ကြိတ်လိုက်ပြီး အစိမ်းရောင်ခလုတ်ကို သတ္တိရှိရှိဖြင့် နှိပ်လိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)