နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၄)

60 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၄) ဒြပ်စင်ကို ထိန်းချုပ်နိုင်ခြင်း

အမှန်တော့ ရှဲရှဲက သူ၏ပြိုင်ဘက်ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အ‌ဆုံးသတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ပေ။ဒါကြောင့် သူ၏အလင်းရောင်နဂါးဓားအလင်းကို ဂူယွဲ့ဆီသို့ ပစ်လွှတ်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ကို လွှားခနဲခုန်လိုက်သည်။

ရှဲရှဲသည် ဂူယွဲ့နဲ့သူ့ကြားက အကွာအဝေးကို တွက်ချက်ထားပြီး ဂူယွဲ့ ရှောင်ရှားမဲ့နေရာကို ကြိုခန့်မှန်းထားခဲ့သည်။သေချာတာတော့ ဂူယွဲ့က သူ၏ဓားမြှောင်ကနေ လွတ်မြောက်နိုင်မည့်ပုံမပေါ်‌‌ချေ။

ရှဲရှဲ၏ မထင်မှတ်ထားသည့် လှုပ်ရှားမှုက ဝူဇန်ခုံးကို ခေါင်းညိမ့်သွားစေခဲ့သည်။ရှဲရှဲ၏ ကျင့်ကြံမှုက ဝိညဉ်ကွင်းနှစ်ခုအဆင့်သို့ မရောက်ရှိသေးသော်လည်း လျှင်မြန်မှုအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်‌တစ်ယောက်ဖြစ်ခြင်း၏ လေးနက်မှုကို စတင်နားလည်နေပြီဖြစ်သည်။

ထန်ဝူလင်းလည်း ထိုတိုက်ပွဲကို ကြည့်နေခဲ့သည်။၎င်းက သူနဲ့ရှဲရှဲကြားက ကြီးမားသော ကွာခြားချက်ကို နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခံစားရစေခဲ့သည်။သူ၏ပထမဆုံးအကြိမ် အနိုင်ပွဲသည် မမျှော်လင့်ဘဲ ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်သည် ထူးဆန်းသော ရွှေရောင်အကြေးခွံများကြောင့်ဖြစ်သည်။ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ရှဲရှဲ၏အစွမ်းအစက သူ့ထက်အများကြီး သာလွန်နေခဲ့သည်။
 
ရှဲရှဲဆင်းသက်လိုက်သော နေရာသည် ဂူယွဲ့နှင့် တစ်မီတာသာခြားသည်။ဤအနေအထားသည် သူ၏ခန့်မှန်းချက်များအတွင်း၌ရှိနေပြီး သူ၏ပြိုင်ဘက်ကိုတိုက်ခိုက်ရန် သင့်တော်သော အကွာအဝေးတစ်ခုဖြစ်‌ေပမဲ့ လွတ်မြောက်ရန်လုံလောက်သော အခွင့်အရေးလည်းရှိနေသေးသည်။အင်းအားကြီးပြိုင်ဘက်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းက သူ၏အလားလာကို ဖော်ထုတ်ရန် အခွင့်အရေးပိုများလာသည်။

သို့သော်လည်း သူ၏ပြိုင်ဘက်မှာ တကယ်မလွယ်ပေ။

ရှဲရှဲသည် သူ၏ခြေထောက်က မြေပြင်နှင့်ထိမိသွားသောအခါ ရွံဗွက်အိုင်ထဲ ခြေချလိုက်သလိုမျိုး မြေကြီးထဲ နစ်မြုပ်သွား‌ေတာ့မည့်ပံုစံ ခံစားရလိုက်သည်။သူ၏ ဘယ်ဘက်ခြေထောက်က မြေပြင်ပေါ် နိမ့်ကျသွားတာကြောင့် သူ၏တိုက်ခိုက်မှုမှာ ဟန်ချက်မညီဖြစ်သွားခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now